ဖေဖော်ဝါရီ - ၁၈ ( ဗုဒ္ဓဟူးနေ့ )
ပါသမ်သာနီခရိုင် လက်လွန်ကာအို တွင် လက်နက်ကိုင်တစ်ဦး ထွက်ပြေးလွတ်မြောက်နေမှုကြောင့် ကျောင်း ၁၄ ကျောင်း ပိတ်ထားရတယ် လို့ သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ချေမှုန်းမှုနှင့် လက်နက်ပြစ်မှုများအတွက် အလိုရှိနေတဲ့ တရားခံကို ရှာဖွေနေချိန်ဖြစ်လို့ စာသင်ကျောင်းများ လုံခြုံစိတ်ချမှုရှိစေရန် ပိတ်ထားရတယ်လို့ ဆိုပါတယ်။
၂၀၂၆ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က နိုပရတ်ဂျင်တို လို့ ခေါ်တဲ့ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူအား ရိုက်နှက်ကာ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်ခဲ့တာကြောင့် စာသင်ကျာင်း ၁၄ ကျောင်းကို လုံခြုံရေးအရ ပိတ်ထားခဲ့ရပါတယ်။ လက်ရှိစုံစမ်းမှုအရ သံသယရှိသူက ချွန်ဘူရီမြို့ကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ၎င်းက သေနတ်ကိုင် ခြိမ်းခြောက်ခြင်းအပါအဝင် အခြားပြစ်မှုများစွာကို ကျူးလွန်ခဲ့ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ရှာဖွေမှုအတွင်း ၎င်း၏နေအိမ်၌ သေနတ်အများအပြားကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သံသယရှိသူသည် လွတ်မြောက်နေဆဲဖြစ်သောကြောင့် အာဏာပိုင်များက ပညာရေးဆိုင်ရာ အဆောက်အအုံများတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းမရရှိသော်လည်း လုံခြုံရေးအဆင့်ကို မြှင့်တင်ထားတဲ့အနေနဲ့ ကြိုတင်ကာကွယ်မှု အဖြစ် အဆိုပါဒေသရှိ စာသင်ကျောင်းအားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ထားလိုက်တာပဲ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနသည် ၎င်း၏တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ “MOE 360°” တွင် စာသင်ကျောင်း ၁၇ ကျောင်း အရေးပေါ်ပိတ်ကြောင်း ကြေညာခဲ့ပါတယ်။
REF: The Nation
#MNP #News



No comments:
Post a Comment