ချောင်းဆုံမြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံမြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

Uploading: 1486848 of 3032362 bytes uploaded.


ချောင်းဆုံ   ၊ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးကျရောက်လျှက် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဖေဖော်ဝါရီ ၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၁၈)ရက်တွင် ချောင်းဆုံအနောက်ရပ်ကွက်၌ နေအိမ်ပြုပြင်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေကေခိုင်လွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ဘေးသင့်နိုင်သည့် ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်သည့် နတ်မှော်၊ ဇီးကုန်း၊ ဆယ်ပလာ၊ ခရိုက်နှီးဟု၊ ဟင်္သာကျွန်းကျေးရွာနှင့် ချောင်းဆုံအနောက်ရပ်ကွက်တို့ရှိ ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုမရှိသော နေအိမ်များကို ကျေးရွာတစ်ရွာလျှင် အိမ်ခြေ ၁၀၀ နှုန်းဖြင့် အိမ်ခြေ ၆၀၀ ခန့်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)