BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များ တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်



နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၈

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အကြမ်းဖက် အဖွဲ့အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် တံခါးဖွင့်ကြိုဆို ဖိတ်ခေါ် လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDFအပါအဝင်အကြမ်းဖက်အဖွဲ့အမျိုးမျိုးအမည်ခံထားသည့် အဖွဲ့ဝင် အမျိုးသားများနှင့် အမျိုးသမီးများတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြ သူများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည်နှင့်အညီ ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင်လည်း BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင် များသည် လက်နက်မျိုးစုံ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်လုံခြုံရေးတပ်စခန်း တစ်ခုထံသို့ လာရောက်ဆက်သွယ် သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။ 

PDF အပါအဝင် အခြားသော အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက် အားကိုးဖြင့် အနိုင်ကျင့်ခြင်းများလုပ်ဆောင်လျက်ရှိသည့်အပြင် အချိန်ကြာ မြင့်လာ သည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကို အခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးအနေဖြင့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ယခုကဲ့သို့ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များအား နယ်မြေခံ လုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင် ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်လိုအပ်သည့် စိစစ်မှုများကို လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါးဖွင့်ကြိုဆိုဖိတ်ခေါ် ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ နှင့် ထပ်မံဝင်ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)