တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





မော်လမြိုင်၊ ဖေဖော်ဝါရီ ၆

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်နယ်လူမှု‌ရေးရာဝန်ကြီးက တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာခေါ်ယူကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကို အပိုင်း (၃) ပိုင်းခွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတဝန်းတွင် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော်ကို မကြာမီကာလတွင် ခေါ်ယူကျင်းပမည်ဖြစ်သည့်အတွက် ပြည်နယ်လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီပေးကြရမည်ဖြစ်ကြောင်း၊ ယခုတတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်ကာလနည်းတူ စီမံဆောင်ရွက်ပေးသွားကြရန်နှင့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍများတွင် အားလုံးစေတနာထားကာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးက တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးအောင်မြင်စွာကျင်းပရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လျာထားဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများက အကြုံပြုဖြည့်ဆွက်ဆွေးနွေးတင်ပြ၍ ပြည်နယ်လူမှုရေးရာဝန်ကြီးကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


စည်သူ 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)