သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ




သံတောင်ကြီး  ၊ ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်စိုက်ပျိုးလျက်ရှိရာ ယခုဖေဖော်ဝါရီလတတိယပတ်မှစ၍  တောင်ပေါ်ကွမ်းရွက်ကြမ်းများဈေး ကောင်းရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကိုတစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီးယခုဇန်နဝါရီလဒုတိယပတ်မှစ၍ တတိယကြိမ်တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက် ရှိသည်။ ယခုအချိန်တွင်တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်း နည်းသော်လည်း ဈေးကောင်းရရှိ၍ တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင် ကျပ်(၂၅၀၀၀) မှ ကျပ်(၂၇၀၀၀) ထိရရှိကြောင်း တောင်ပေါ် ကွမ်းရွက်ကြမ်းရောင်းဝယ်လုပ်ကိုင်သူ ဦးခန့်ဝင်းထံက သိရသည်။

နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)