အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနမှ အခမဲ့စစ်ဆေးကုသမှုများ ကွင်းဆင်းကုသဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနမှ အခမဲ့စစ်ဆေးကုသမှုများ ကွင်းဆင်းကုသဆောင်ရွက်




ဗိုလ်တထောင်   ၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် နာတာရှည်အဆုတ်ရောဂါ စသည့်ရောဂါအခံရှိသူများအား အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနမှ (Myanmar Anti-TB Association) (MATA) က အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာ သန်းထူးကို ဦးဆောင်၍ ဒေါက်တာသန်းထူးကိုနှင့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံက် ၉ နာရီမှ ၁ နာရီအချိန်ထိ အမှတ် ၁၀ ရပ်ကွက် 46 လမ်း မြို့နယ်ကျန်းမာရေးဌာနရုံးတွင် သွေးတိုးဆီးချိုလူနာများ၊ သက်ကြီးရွယ်အိုများ၊ တီဘီရောဂါသံသယရှိလူနာများအား ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ တီဘီရောဂါရှိမရှိ ဓာတ်မှန်ရိုက်၍ ရှာဖွေစစ်ဆေးပေးခြင်း၊ ဆီးချိုသွေးချိုလူနာများအား ဆေးပေးခြင်း၊ တီဘီရောဂါ ရှိမရှိ အခမဲ့ဓာတ်မှန်ရိုက်ပေးခြင်း၊ အခမဲ့စစ်ဆေးပေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုကွင်းဆင်းဆေးကုသရာတွင် ဆီးချိုလူနာ ၄၈ ဦး၊ သွေးတိုးလူနာ ၃၀ ဦး၊ အခြားလူနာ ၂၂ ဦး စုစုပေါင်းလူနာ ၁၀၀ ဦးအားစမ်းသပ်စစ်ဆေးကုသပေးရာ ထိုကွင်းဆင်းကုသဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်ဝင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)