ဖေဖော်ဝါရီ - ၁၉ ( ကြာသပတေးနေ့ )
ရုရှားသမ္မတ ဗလာဒီမာပူတင်က ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒီဂွတ် ပရဲလား ကို ကရင်းမလင်နန်းတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုများ အလုပ်ခံနေရတဲ့ ကျူးဘားကျွန်းနိုင်ငံအား ထောက်ခံကြောင်း အတည်ပြုခဲ့ပါတယ်။
ကျူးဘားနိုင်ငံက အမေရိကန်ရဲ့ ကန့်သတ်ချက်များကြောင့် ပြည်တွင်း လောင်စာဆီ တင်သွင်းမှုကို သိသိသာသာ လျော့ကျသွားကာ ပြတ်လပ်မှု ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ရေနံတင်သွင်းမှု ပိတ်ဆို့ခံလိုက်ရတာကြောင့် အဆိုးရွားဆုံး စွမ်းအင် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပါတယ်။ အမေရိကန်က ကျူးဘားကျွန်းကို ရေနံကိုဆက်လက်ထောက်ပံ့နေတဲ့ နိုင်ငံများအပေါ် စည်းကြပ်ခွန်ခြိမ်းခြောက်မှုများ လုပ်နေတာကြောင့် ကျွန်းသည် ပြင်းထန်သော မီးပြတ်တောက်မှုနှင့် လောင်စာဆီရှားပါးမှုကို ကြုံတွေ့ခဲ့ရပါတယ်။
မနေ့က တွေ့ဆုံမှုအတွင်း ပူတင်က နှစ်နိုင်ငံအကြား ကာလရှည်ကြာ “အထူးဆက်ဆံရေး” ကို ချီးကျူးခဲ့ပါတယ်။ “ကျူးဘားရဲ့ လွတ်လပ်ရေးတိုက်ပွဲနဲ့ သူ့ကိုယ်ပိုင်လမ်းကြောင်းနဲ့အညီ ဖွံ့ဖြိုးတိုးတက်ခွင့်အတွက် ကျူးဘားကို အမြဲတမ်းထောက်ခံအားပေးခဲ့တယ်။ ကျူးဘားပြည်သူတွေကို အမြဲတမ်းထောက်ခံပါတယ်” လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
ကျူးဘား၏ စီးပွားရေးအပေါ် အမေရိကန်၏ ကန့်သတ်ချက်များကို ရုရှားသမ္မတ ပူတင်က ရှုတ်ချခဲ့ပြီး ရုရှားက ၎င်းတို့အား ပြတ်ပြတ်သားသား ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။ ပရဲလားကတော့ "ထူးခြားပြီး မယိမ်းယိုင်သောစည်းလုံးညီညွတ်မှု" နှင့် စိန်ခေါ်မှုများအတွင်း ပံ့ပိုးကူညီမှုအတွက် ရုရှားအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်က ဟာဗားနားရှိ ရုရှားသံရုံးက မော်စကိုသည် ရှားပါးပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ကျူးဘားသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ပေးပို့ရန် ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကျူးဘားရဲ့ဆိုရှယ်လစ်အစိုးရသည် ရန်လိုသောနိုင်ငံများ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့များ၊ ရက်စက်ယုတ်မာသူများနဲ့ အဆက်အသွယ်ရှိနေတယ်လို့ စွပ်စွဲကာ ကျူးဘားခေါင်းဆောင်များအား စီးပွားရေးအရ ဖိအားပေးမှုလုပ်ခဲ့တယ် လို့ ပြောပါတယ်။ ထရမ့်က ရုရှား၊ တရုတ်၊ အီရန်၊ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်နှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့တို့နှင့် ကျူးဘား၏ဆက်ဆံရေးက အမေရိကန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment