ဖေဖော်ဝါရီ - ၁၆ (တနင်္လာနေ့ )
ရှီဇူအိုကာ စီရင်စုရဲများက အီတိုမြို့တော်ဝန်ဟောင်း မာကီတာကူဘို ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် သူမရဲ့ ပညာရေးနောက်ခံကို အတုပြုလုပ်ခဲ့တယ်ဆိုတာကို စုံစမ်းသိရှိရကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူများက မြို့တော်ဝန်ဟောင်းရဲ့ နေအိမ်ပတ်ပတ်လည်ကို အပြာရောင် ကန့်လန့်ကာများ စိုက်ထူထားပြီး အများပြည်သူမြင်ကွင်းမှ ကွယ်ကာထား ထားပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းများ ပါ၀င်တယ်လို့ ယူဆရတဲ့ ကတ်ထူပုံးများကို စုံစမ်းစစ်ဆေးရေးမှူး ၁၀ ဦးခန့်က ကားထဲသို့ တင်ဆောင်ပြီး မွန်းလွဲ ၂ နာရီ ၄၀ ဝန်းကျင်တွင် အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာသွားကြောင်း သိရပါတယ်။
သတင်းရင်းမြစ်များ၏ အဆိုအရ တာကူဘို ကို ခရိုင်ရဲများက ဇန်နဝါရီ ၂၉ ရက်မှာ အများပြည်သူရုံးများ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု အပါအဝင် စွဲချက် လေးခုစလုံးကို မေးမြန်းစုံစမ်းခဲ့ပါတယ်။ တာကူဘို က မြို့တော်စည်းဝေးပွဲအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းပြီးနောက် ယမန်နှစ် မေလတွင် ပထမဆုံးအကြိမ် မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ Tokyo University တိုကျိုတက္ကသိုလ်မှ ဘွဲ့ရခဲ့တယ်လို့ အစပိုင်းတွင် ပြောခဲ့သော်လည်း အဲ့ဒိနှစ် ဇူလိုင်လမှာပဲ တက္ကသိုလ်မှ သူမကို အမှန်တကယ် ထုတ်ပယ်ကြောင်း ကြေညာခံခဲ့ရပါတယ်။
မြို့တော်စည်းဝေးပွဲ အထူးစုံစမ်းစစ်ဆေးရေးကော်မတီ အစည်းအဝေးတစ်ခုတွင် ၎င်းက “ကျမကို ဇွန် ၂၈ ရက်က ထုတ်ပယ်ခံရကြောင်း ပထမဦးဆုံးအကြိမ် သိခဲ့ရပါတယ်” လို့ သူမရဲ့ ပညာရေးဆိုင်ရာ နောက်ခံကို အတုအယောင် မလုပ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြို့ နယ်စည်းဝေးပွဲ ဥက္ကဋ္ဌနှင့် အခြားသူများက သူမကို ရာဇ၀တ်မှုအဖြစ် တိုင်ကြားခဲ့ပါတယ်။
REF: The Nation
#News #MNP



No comments:
Post a Comment