သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ ဘုရားဖူးဧည့်သည်များအား စတုဒီသာများ ကျွေးမွေးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ ဘုရားဖူးဧည့်သည်များအား စတုဒီသာများ ကျွေးမွေးလှူဒါန်း

 



ဟိုင်းကြီးကျွန်း  ၊ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ မတ်လ (၂) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘုရားဖူးဧည့်သည်များအား သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

သမိုင်းဝင်ဆံတော်ရှင်မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးသို့ ဘုရားဖူးရောက်ရှိလာသော ဧည့်ပရိသတ်များအား သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ဘုရားကြီးဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ (၁၄.၂.၂၀၂၆)ရက်နေ့တွင် အယောက်(၅၀၀)၊ (၁၅.၂.၂၀၂၆)ရက်နေ့တွင် အယောက်(၅၀၀)နှင့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနား၊ ဗုဓ္ဓဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် တောင်အရပ်အာရုဏ်ခံတန်ဆောင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်မည့် (၁၆.၂.၂၀၂၆)ရက်နေ့တွင် အယောက်(၃၀၀၀)စာ စတုဒီသာများ ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)