ဇလွန်၊ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှားမြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်း၌ ရုံးပိတ်ရက် ကျောင်းပိတ်ရက်များဖြစ်သည်နှင့်အညီ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား (၂၄-၂-၂၀၂၆) မှ (၃-၃-၂၀၂၆) ရက်နေ့အထိ (၈) ရက်တိုင်တိုင် လုပ်ငန်းကော်မတီများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်း၌ ရုံးပိတ်ရက် ကျောင်းပိတ်ရက်များ ဖြစ်သည်နှင့်အညီ ဘုရားဖူးလာ ပြည်သူများ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးလာ ပြည်သူများ၊ ပန်း၊ဆီမီး၊ရေချမ်းကပ် လှူပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများ၊ ဘုရားဖူးလာ ဧည့်သည်များပြားလျက်ရှိကြောင်း သိရသည်။
ဝေယံ
#MNP #News



No comments:
Post a Comment