ဖေဖော်ဝါရီ - ၂ ( တနင်္လာနေ့ )
ယခုလနှောင်းပိုင်းတွင် စတင်မည့် ပုံမှန်မဟုတ်သော ပြင်းထန်သော နွေရာသီရာသီအတွက် ကြိုတင်ပြင်ဆင် ကြရန် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဒေသများတွင် နေထိုင်သူများအား ဖေဖော်ဝါရီ ၂ ရက်နေ့ ဒီကနေ့မှာ မိုးလေဝသဌာနက ကြိုတင်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
နွေရာသီသည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်မည်ဖြစ်ပြီး မေလလယ်အထိ ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းထားပါတယ်။ အထူးသဖြင့် မတ်လနှောင်းပိုင်းမှ ဧပြီလလယ်အထိ အထွတ်အထိပ်ကာလတွင် အချို့နေရာများတွင် အပူဒဏ် သိသိသာသာ မြင့်တက်လာနိုင်ဖွယ်ရှိပါတယ်။
မြောက်ပိုင်းပြည်နယ်အချို့တွင် အပူချိန် ၄၂ မှ ၄၃ ဒီဂရီစင်တီဂရိတ်ကြားတွင် ကြုံတွေ့နိုင်ပြီး ဒေသအလိုက် နွေရာသီမုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နွေရာသီ၏ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဧပြီလနှောင်းပိုင်းမှ မေလလယ်အထိ မတည်ငြိမ်သောရာသီဥတုကို ဆောင်ကြဉ်းလာမယ်လို့ မျှော်လင့်ရပါတယ်။ ထိုင်းနိုင်ငံသည် ၎င်း၏ ရာသီအကူးအပြောင်းသို့ ရောက်ရှိနေချိန်တွင် စိုထိုင်းဆများ မြင့်တက်လာပြီး နေရာကျဲကျဲ မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
REF: Thaiger
#MNP #News

No comments:
Post a Comment