တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး



ထားဝယ်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင်တိုင်းဒေသကြီးဥပဒေချုပ်က တနင်္သာရီတိုင်းဒေသကြီးသည်ရှည်လျားသော ကမ်းရိုးတန်းနှင့် ပင်လယ်ကျွန်း ၈၀၀ ကျော်ကို ပိုင်ဆိုင်ထားပြီး သဘာဝသယံဇာတများပေါကြွယ်ဝသဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရန်ရေခံမြေခံကောင်းကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံတော်အစိုးရကသာ ရင်းနှီးမြှုပ်နှံခွင့်ရှိသော စီးပွားရေးလုပ်ငန်းများ၊ တားမြစ်ကန့်သတ်ထားသော စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံခွင့်မရှိသော စီးပွားရေးလုပ်ငန်းများ၊ ဖက်စပ်ရင်းနှီးမြှုပ်နှံနိုင်သော စီးပွားရေးလုပ်ငန်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည့်စီးပွားရေးလုပ်ငန်းများဟူ၍ရှိပြီးရင်းနှီးမြှုပ်နှံမည့် မတည်ငွေပမာဏကိုလိုက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့မဟုတ်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ အတည်ပြုချက်တင်ပြရမည့် ကိစ္စများနှင့်စပ်လျဉ်း၍ သိရှိထားရန် လိုအပ်ကြောင်း၊ သို့မှသာ အစိုးရဌာန၊ အဖွဲ့အစည်းများသို့ဥပဒေနှင့်အညီ မှန်ကန်စွာအကြံပြုနိုင်မည်ဖြစ်ကြောင်း၊ ပြောကြားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သောဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ထားဝယ်ခရိုင်နှင့်မြို့နယ်တို့မှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)