ဖေဖော်ဝါရီ - ၇ ( စနေနေ့ )
ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီးက ရုရှားဒရုန်းများကို ကြားဖြတ်ဟန့်တားရန် ပျက်ကွက်သည့်အတွက် ယူကရိန်းလေတပ် ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်စရာလုံးဝမရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ဓာတ်အားပေစက်ရုံများ၊ အရပ်ဘက်အခြေခံအဆောက်အအုံများနဲ့ "အရပ်သားများအပေါ် ခွဲခြားဆက်ဆံမှုမရှိသော တိုက်ခိုက်မှုများ" ကို ယူကရိန်းစစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကို တုံ့ပြန်တဲ့အနေဖြင့် ရုရှားက တာဝေးပစ်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း မော်စကိုက ပြောကြားခဲ့ပါတယ်။
"အချို့နေရာတွေမှာ ယူကရိန်းလေတပ်ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်စရာလုံးလုံးမရှိဘူးလို့ ကျနော် ယူဆပါတယ်" လို့ ကာကွယ်ရေးဝန်ကြီး မစ်ဟိုင်း ဖီဒိုရောဗ် နဲ့ လေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အနာတိုလီ ခရီဗိုနိုဇာကို တို့နဲ့ စစ်ရေးနည်းဗျူဟာဆိုင်ရာ အပြောင်းအလဲများကို အရေးတကြီး တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက် ဇီလန်စကီးက ဖေ့စ်ဘုတ်အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
ရုရှားဒရုန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးပြတ်တောက်မှုအတွက် ဒေသခံအာဏာပိုင်များကို လည်း ဇီလန်စကီးက အပြစ်တင်ခဲ့ပါတယ်။ ဇန်န၀ါရီလတွင် ကိယက်ဗ် မြို့တော်ဝန်က ရုရှားတိုက်ခိုက်မှုများ ကြောင့် သီတင်းပတ်များစွာကြာ လျှပ်စစ်မီးနှင့် အပူပေးခြင်းမရရှိတဲ့ တိုက်ခန်းထောင်ပေါင်းများစွာ ရှိနေကြောင်း နဲ့ ယူကရိန်းမြို့တော်တွင် ကြီးမားသော စွမ်းအင်အကျပ်အတည်းရင်ဆိုင်နေရကြောင်း ပြောခဲ့ပေမဲ့ ဇီလန်စကီး ကတော့ မြို့တော်ဝန်အနေနဲ့ ထိုသို့သော အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တယ်လို့ပဲ အပြစ်တင်ရန်သာရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ထိုလနှောင်းပိုင်းတွင်၊ ဇီလန်စကီးက အနောက်နိုင်ငံမှထောက်ပံ့တဲ့ ပီထရော့ နဲ့ နာဆမ် လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ထောက်ပံ့ပို့ဆောင်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာချို့ယွင်းမှုကြောင့် လက်နက်ခဲယမ်းများ မရရှိနိုင်တာကိုလည်း အပြစ်တင်ခဲ့ပါတယ်။
ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေ အဘူဒါဘီမှာ တွေ့ဆုံပြီး “စေ့စပ်ညှိနှိုင်းရေး အခြေအနေတွေ ဖန်တီးပေးဖို့” ၀ါရှင်တန်ရဲ့ တောင်းဆိုမှုကြောင့် ဇန်နဝါရီနှောင်းပိုင်းမှာ ရုရှားစစ်တပ်က သူတို့ရဲ့ တိုက်ခိုက်မှုတွေကို တစ်ပတ်ကြာ ရပ်ဆိုင်းလိုက်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment