ဂေါ်ရန်ဂျီကျွန်းကမ်း‌ခြေသို့ အစိုးရရုံးပိတ်ရက်ကာလအတွင်း လာရောက်လည်ပတ်သူများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂေါ်ရန်ဂျီကျွန်းကမ်း‌ခြေသို့ အစိုးရရုံးပိတ်ရက်ကာလအတွင်း လာရောက်လည်ပတ်သူများဖြင့် စည်ကား



ငရုတ်ကောင်း   ၊ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်‌ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းကမ်းခြေသို့ အစိုးရရုံးပိတ်ရက်ကာလဖြစ်သော ဖေဖော်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ဂေါ်ရန်ဂျီကျွန်းကမ်း‌ခြေသည် ရှည်လျားသွယ်တန်းသော ကျောက်ဆောင်၊ ကျောက်တန်းများ၊ ကျောက်လှိုဏ်ဂူများကို ပေါများစွာတွေ့ရပြီး အစိုးရရုံးပိတ်ရက်နှင့် နှစ်ကူးကာလများတွင် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလျက်ရှိသည်။

ဂေါ်ရန်ဂျီကျွန်းသို့ ခြေလျှင်တောင်တက်ပြီး မြဝတီစေတီတော်မြတ်အား ဖူးမြော်ခြင်း၊ ဘုရားရင်ပြင်တော်မှ အလွန်သာယာလှပသော ဂေါ်ရန်ဂျီကျွန်း ပတ်ဝန်းကျင်ကမ်းခြေများအား ကြည့်ရှုအပန်းဖြေအနားယူခြင်းများအပြင် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူအပန်းဖြေရန်ကောင်းသော ကမ်းခြေတစ်ခုဖြစ်သည်။ အဆိုပါဂေါ်ရန်ဂျီကျွန်းကမ်းခြေမှတစ်ဆင့် ဆက်လက်လည်ပတ်မည်ဆိုပါက ကမ်းခြေအနီး ပုဂံကျွန်း၊ အပြင်မိုးချိုင်၊ စပါးထားကျွန်း၊ ကျောက်ခြေထောက်ချိုင်၊ ကုလားမချိုင်၊ လိပ်ချိုင်၊ သစ်ရောင်းကျွန်း၊ မြင်းစီးကျွန်း၊ ကျွေချိုင်ကမ်းခြေတို့သို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း သွားရောက်လည်ပတ်မှုရရှိနိုင်ပါသည်။

ထို့အပြင် ဂေါ်ရန်ဂျီကျွန်းကမ်းခြေတွင် ပင်လယ်စာများဖြစ်သော ငါး၊ ပုဇွန်၊ ကျောက်ပုဇွန်၊ ငပိ၊ ငါးခြောက်အစုံများစွာ မှာယူစားသောက်နိုင်ပြီး သဘာဝအုန်းရေသောက်ကာ အနားယူရန်ကောင်းသော ကမ်းခြေတစ်ခုအဖြစ်တွေ့ရသည်။

ငရုတ်ကောင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)