ပြည်ဖျက်မိစ္ဆာ ကြံရာပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ဖျက်မိစ္ဆာ ကြံရာပါ


ဧရာဝတီသတင်းဌာန က ပြည်ပြေး ဝရမ်းပြေး အောင်ဇော်ဆိုတဲ့ ကောင်က ကြံရာပါဆိုတဲ့ ခေါင်းစဉ်နဲ့ တပ်မတော်အကြီးအကဲများ၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးသမားကြီးများကို အားမနာပ စကားလုံးတွေနဲ့ ထိုးနက်တိုက်ခိုက် စော်ကားနေတာကို တွေ့မြင်ရပါတယ်။

သူ့ရဲ့စကားလုံးတွေက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာပီသပါပေတယ်။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲပြီး ကိုယ်ကျိုးရှာနေတဲ့ ပြည်ဖျက်မိစ္ဆာတွေထဲက တစ်ကောင် (သို့မဟုတ်) ပြည်ဖျက်မိစ္ဆာ ကြံရာပါ ဖြစ်ပါတယ်။

ယနေ့ တိုင်းပြည်မှာ တပ်မတော်က အာဏာအရပ်ရပ် လွှဲပြောင်းရယူခဲ့ရတဲ့ အခြေအနေကို ပြည်ပြေး ဝရမ်းပြေးတွေမှာက အများပြည်သူကို ယနေ့တိုင်အောင် မှန်ကန်စွာ ချပြပြောဆိုဝံ့ခြင်းမျိုး မရှိဘူး။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မဲလိမ်မခဲခိုးပြီး မသမာသောနည်းလမ်းနဲ့ ရယူဖို့ NLD က ကြိုးပမ်းခဲ့တယ်။ မဲလိမ်မဲခိုးခဲ့တဲ့ ပမာဏဟာလည်း ကမ္ဘာ့စံချိန်တင် ဖြစ်ခဲ့တယ်။

သို့သော် ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာတော့ NLD မဲခိုးခဲ့တဲ့ ကိစ္စက အပြစ်မရှိတဲ့ လုပ်ရပ်လို လိမ်ညာဖုံးကွယ်ထားကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ခဲ့တာကို အများပြည်သူကို မှန်ကန်စွာ ချပြပြောဆိုရဲခြင်း မရှိတာတော့ မုသာဝါဒီ အကြီးစားတွေလို့ ကင်ပွန်းတပ်ရပါလိမ့်မယ်။

ပြည်ပြေး ဝရမ်းပြေး တွေဟာ ပြည်ပနိုင်ငံများက ရရှိတဲ့ အထောက်အပံ့နဲ့ တိုင်းဖျက် ပြည်ဖျက် လုပ်မယ်။ လူငယ်တွေကို သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လိုသလို အသုံးချမယ်။ အခုဆိုရင်ပဲ သူတို့တွေရဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့်ချိမှုတွေကို နားယောင်ပြီး အကြမ်းဖက်လမ်းစဉ်ပေါ်လိုက်ခဲ့ကြတဲ့ လူငယ် ထောင်ပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ကြရပြီးပြီ။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများမှာ များပြားလှစွာသော လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးပြီး ကိုယ်ကျိုးရှာနေသည့်တိုင်အောင် ဒီလူငယ်များအပေါ် စာနာထောက်ထားရကောင်းမှန်း မသိပါဘူး။ တစ်ပို့တည်းသမားတွေလို့ ပြောရင်လည်း မမှားပါဘူး။

ပြည်ပြေး ဝရမ်းပြေး အောင်ဇော်သည်လည်း မင်းကိုနိုင်၊ မျိုးရန်နောင်သိမ်း တို့လို လူ့ဗရမ်းဗတာများထဲက တစ်ယောက်လို့ ပြောရပါလိမ့်မယ်။ လုပ်ကြံဖန်တီး ဝါဒဖြန့်ချိမှုတွေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်မယ်။ တပ်မတော်နဲ့ ပြည်သူကို စနစ်တကျ သွေးခွဲမယ်။ ဒါမှ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေထံက ငွေကြေးတောင်းယူလို့ ရမှာဖြစ်ပါတယ်။

အောင်ဇော်လုပ်လေ့လုပ်ထ ရှိတဲ့ လုပ်ရပ်တစ်ခုကတော့ ခရိုနီကြီးများထံမှ ငွေညှစ်ခြင်းပါ။ ခရိုနီကြီးတွေရဲ့ သတင်းတွေကို ပလူပျံအောင်ထည့်မယ်။ ခရိုနီကြီးတွေ က ငွေပေးပြီး ကမ်းလှမ်းလာတော့မှသာ လုပ်ကြံဖန်တီး ဖော်ပြမှုတွေကို ရပ်မယ်။ ဒါက အောင်ဇော်ရဲ့ ငွေရှာနည်းပါ။ ခွေးပါးစပ် က နတ်စကားထွက် ဆိုသလို တပ်မတော်အကြီးအကဲကို ပစ်မှတ်ထားပြီး အတူပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံရေးခေါင်းဆောင်များကိုပါ အောက်လုံးထိုးနေတဲ့ ခွေးဝဲစား အောင်ဇော်ဟာ သူကိုယ်တိုင် ပြည်ဖျက်မိစ္ဆာ ကြံရာပါ ဖြစ်နေတာကိုတော့ သဘောပေါက်နားလည်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများထံက ငွေကြေးအထောက်အပံ့ အလုံးအရင်းနဲ့ ရနေတုန်းမို့ပါပဲ။


နောင်တော်လေး (ဘိုကလေး)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)