ကုလ လုံခြုံရေးကောင်စီမှာ အာဖရိက အတွက် အမြဲတမ်းထိုင်ခုံ လိုအပ်လို့ ဂူတာရက်စ် ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုလ လုံခြုံရေးကောင်စီမှာ အာဖရိက အတွက် အမြဲတမ်းထိုင်ခုံ လိုအပ်လို့ ဂူတာရက်စ် ဆို



ဖေဖော်ဝါရီ - ၁၈ ( ဗုဒ္ဓဟူးနေ့ ) 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာဖရိကနိုင်ငံတွေအတွက် အမြဲတမ်းထိုင်ခုံနေရာ မရှိတာက အကာအကွယ် မရနိုင်ဘူးလို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ 

အက်ဒစ်အာဘာဘာမြို့က ၃၉ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များ နဲ့ နှင့် စနေနေ့က စကားပြောရာတွင် လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံသည် ယနေ့ကမ္ဘာနှင့် မကိုက်ညီကြောင်း ပြောကြားပြီး "ဒါက ၂၀၂၆ ဖြစ်နေပါပြီ ၊ ၁၉၄၆ ခုနှစ် မဟုတ်တော့ပါဘူး" လို့ ပြောသွားပါတယ်။ 

"အာဖရိက အနေနဲ့ ကမ္ဘာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ စားပွဲပေါ်ရောက်လာပြီဆိုရင် အာဖရိကဟာ အဲ့ဒိစားပွဲမှာ ရှိရပါမယ်" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးပေး ပြောကြားခဲ့ပါတယ်။ 

အာဖရိကသမဂ္ဂ (AU) သည် "နိုင်ငံစုံဝါဒအတွက် နမူနာပြ" ဖြစ်ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး အပါအဝင် နယ်ပယ်များတွင် UN-AU မိတ်ဖက်ဆက်ဆံရေး ကြီးထွားလာကြောင်း ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။ 

အာဖရိကနိုင်ငံများနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအတွက် ဦးစားပေးကဏ္ဍသုံးရပ်ဖြစ်သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို မြှင့်တင်ခြင်း၊ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးခြင်းနှင့် ရာသီဥတု တရားမျှတမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးခြင်းတို့ကို ဖော်ထုတ်ခဲ့ပါတယ်။ 

နိုင်ငံပေါင်း ၅၅ နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ AU သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းကိုယ် စားလှယ်များ နေရာအတွက် တောင်းခံခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့တဲ့ AU က လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အာဖရိကရဲ့ဘုံရပ်တည်ချက်ကို ထောက်ခံအားပေးရန် အဓိကတာဝန်ဖြစ်သော C-10 အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)