စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူးတို့နှင့်အတူ ဝန်ထမ်းများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူးတို့နှင့်အတူ ဝန်ထမ်းများနှင့်တွေ့ဆုံ




ဟုမ္မလင်း   ၊ ဖေဖော်ဝါရီ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူးတို့နှင့်အတူ ဖေဖော်ဝါရီ(၁၅)ရက် နေ့လယ်(၂)နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့မနည်းပညာဖွံ့ဖြိုးရေးစင်တာ၌ ဟုမ္မလင်းခရိုင်/ မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိ‌စေရန်နှင့် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မား‌ရေး အစဉ်တစိုက်ကြိုးစားကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးဆောင်ရွက်ကြရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကင်းရှင်းအောင်နေထိုင်ကြရန်၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ ဦးစီးဌာနအားလုံး စည်းလုံးညီညွှတ်စွာ နေထိုင်ကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်း‌ကူညီဖြေရှင်း‌ဆောင်ရွက်ကြစေလိုကြောင်း ညွှန်ကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းဒေသကြီးဦးစီးမှူးများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ထမ်းများအားလုံးအတွက် စားသောက်ဖွယ်ရာများနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း) ကျောင်းသား၊ ကျောင်းသူများအတွက် ဆန် (၂၃)အိတ်၊ မြေထောက်နီ (၂)အိတ်နှင့် စားသုံးဆီ (၁၂)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ခရိုင်/ မြို့နယ်ဝန်ထမ်း (၅၇)ဦး တက်ရောက်ခဲ့ကြ​ကြောင်း သိရသည်။

ဟုမ္မလင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)