ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အေးသာယာမြို့ ဝင်ငွေတိုးစီမံကိန်းသင်တန်းဆင်းများ ကြည့်ရှုအားပေး၊ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးထားမှု ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အေးသာယာမြို့ ဝင်ငွေတိုးစီမံကိန်းသင်တန်းဆင်းများ ကြည့်ရှုအားပေး၊ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးထားမှု ကွင်းဆင်းစစ်ဆေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ၄-၂-၂၀၂၆ ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် (၁) သို့ သွားရောက်၍ ဌာနကဖွင့်လှစ်ခဲ့သော စက်ချုပ်နည်း ပညာသင်တန်းတက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ဒေါ်အေးအေးမွန်၏ “အိုးစည်” စက်ချုပ်လုပ်ငန်း၊ ဒေါ်အေးစန္ဒာထွန်း၏ “စန္ဒာ” စက်ချုပ်လုပ်ငန်း၊ ဒေါ်မြတ်မြတ်သင်း၏ “ရွှေအိပ်မက်” စက်ချုပ်လုပ်ငန်း၊ ဒေါ်ခင်ရွှေမာလွင်၏ “ဇလပ်ဖြူ” စက်ချုပ်လုပ်ငန်း၊ ဒေါ်သီတာခိုင်၏ “သီတာ” စက်ချုပ်လုပ်ငန်းတို့ကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက မိသားစုဝင်ငွေတိုးပွားရေးအတွက် နိုင်ငံတော်က လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားပါကြောင်း၊ အမှန်တကယ်ဝင်ငွေတိုးပွားခြင်း ရှိ/ မရှိကို တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် အေးသာယာစစ်မှုထမ်းဟောင်းဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တစ်နာရီလျှင် ရေဂါလန် ၆၀၀၀ နှုန်းဖြင့် ရေရရှိရေးဆောင်ရွက်ပေးထားသော စိမ့်စမ်းရေသွယ်လုပ်ငန်းနှင့် စက်ရေတွင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ သူဌေးကုန်းရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစုသို့ သွားရောက်ပြီး ရုရှားနေကြာမျိုးများဖြစ်သော မာ့ဟ်ဟွန်း (Markhaon) နှင့် ဗော်လ်ကန် (Valkuan) ငါးဧက စမ်းသပ်စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား အပင်အတွက်လိုအပ်သည့် မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် သွင်းအားစုများကို အချိန်မှန်ထည့်သွင်းအသုံးပြုရေး၊ စိုက်နည်းစနစ်များနှင့်အညီ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရေးတိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်သမဝါယမအသင်းစု၏ New Hope အမျိုးအစားကြက်ကောင်ရေ ၄၀၀၀ မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)