ကျောက်ဆည်မြို့နယ်၌ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများ ထုတ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများ ထုတ်ပေးလျက်ရှိ

 




ကျောက်ဆည်၊ ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးခဲ့သည့် နေအိမ်အဆောက်အဦများအတွက် နိုင်ငံတော်မှထောက်ပံ့သော သွပ်၊ သံ၊ ဘိလပ်မြေတို့ကို ပျက်စီးဆုံးရှုံးခဲ့သည့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတို့မှ ပြည်သူများထံသို့ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထောက်ပံ့ပစ္စည်းများကို ကျောက်ဆည်မြို့နယ် ငှက္ကတောင်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်းရှိ သော်တာဝင်းလမ်းဖောက်လုပ်ရေး ရှေ့တန်းစခန်း၌ထားရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အလှည့်ကျတာဝန်ထမ်းဆောင်ပြီး ထုတ်ပေးလျက်ရှိကြောင်းနှင့် နေ့စဉ် အဝင်အထွက်ပသစ္စည်းစာရင်းများအား စနစ်တကျ မှတ်တမ်းပြုစု၍ ထုတ်ပေးကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မန္တလေးငလျင်ဒဏ်ကြောင့် ဝါးထရံကာအိမ်၊ တစ်ထပ်ပျဉ်ထောင် အိမ်၊ နှစ်ထပ်ပျဉ်ထောင်အိမ်၊ တိုက်ခံအိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး အလုံးရေ ၄၅၄၀ ၊ လုံးဝပျက်စီး ၆၃၂ လုံး၊ စုစုပေါင်း ၅၁၇၂လုံး ရှိကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)