နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဟုမ္မလင်းမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်လျက်ရှိမှု စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေ ရေးဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ခဲ့မှု၊ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ရေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လည်းကောင်း၊ ဟုမ္မလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်း က ဟုမ္မလင်းခရိုင်၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာအချက်အလက်များနှင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ခဲ့မှုတို့နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြို့မိမြို့ဖများက ဟုမ္မလင်းမြို့နယ်အား မြို့နယ်အဆင့်မှ ခရိုင်အဆင့် အထိတိုးမြှင့်ပေးခဲ့သည့်အတွက် ဒေသခံပြည်သူများမှ ဝမ်းမြောက်ကျေးဇူးတင်ရှိလျက် ရှိမှု၊ ဒေသအတွက်လိုအပ်လျက်ရှိသည့် လူငယ်သင်တန်းကျောင်းနှင့် အိမ်တွင်းမှု သင် တန်းကျောင်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုမှု၊ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများရှိသည့်အတွက် လေကြောင်းလိုင်းများတိုးချဲ့ ပြေးဆွဲပေး စေလိုမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးစီမံဆောင်ရွက်ပေးစေလိုမှု၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအားလုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးမှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ထမံသီ တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ယခုထက် ပိုမိုထိန်းသိမ်းဆောင်ရွက်ပေးစေလိုမှု၊ ဟုမ္မလင်းကောလိပ်အား တက္ကသိုလ်အဆင့်တိုးမြှင့်ပေးစေလိုမှုနှင့် အခြားဒေသဆိုင်ရာ လိုအပ်ချက်များကို အသီး သီးတင်ပြကြသည်။
ထို့နောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဟုမ္မလင်းဒေသသို့ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ နေ့အလိုက် ပုံမှန်ပြေးဆွဲဆောင်ရွက်လျက်ရှိမှုနှင့် ခရီးသည်တင်လေကြောင်းလိုင်းများအပြင်ဒေသစားရေးအဆင်ပြေစေရေးအတွက် ကုန် စည်တင်လေကြောင်းလိုင်းများကိုလည်းပြေးဆွဲဆောင်ရွက်ပေးလျက်ရှိမှု၊ လေကြောင်း လက်မှတ်များ အခက်အခဲမရှိစေရေးနှင့် ပုံမှန်ဈေးနှုန်းထက်ဈေးမြှင့်တင်ရောင်းချနေသူ များအား ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိမှု၊ ဟုမ္မလင်းမြို့ သောက်သုံးရေ လုံ လောက်စွာရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများဆောင်ရွက်ဖြေရှင်းနိုင်ရေး ကွင်းဆင်း ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းလျှပ်စစ်ဓာတ်အားဖူလုံစွာပေးဝေနိုင်ရေးအတွက် နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းအား ၂၀၂၇ ခုနှစ်တွင် ပြီးစီးနိုင်ရေးဆောင်ရွက် လျက်ရှိမှု၊ ဟုမ္မလင်းဒေသ၏ မြေမျက်နှာသွင်ပြင်အနေအထားအရ မြေနိမ့်ကော်ဖီစိုက် ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်သည်ဖြစ်သဖြင့် စိုက်ပျိုးဆောင်ရွက်သွားရန်တိုက်တွန်းလိုမှု နှင့် လိုအပ်သည့် မျိုးများနှင့် သွင်းအားစုများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက် သွယ်ဆွေးနွေးနိုင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် လိုအပ်သည့်အကူအညီများ ကိုသက်ဆိုင်ရာဝန်ကြီးဌာနများသို့ဆွေးနွေးညှိနှိုင်းအကူအညီတောင်းခံနိုင်မှု၊ ဟုမ္မလင်း ဒေသအတွင်း မြေလွတ်မြေရိုင်းအသုံးချမှုများနှင့် ပတ်သက်၍ နိုင်ငံတော်မှချမှတ်ပေးထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြတောင်းခံဆောင်ရွက်သွားရန် လိုအပ်မှုနှင့် အခြားနည်းဖြင့် သုံးစွဲမှုမရှိစေရေးကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်မှု၊ ဟုမ္မလင်းခရိုင်၏ သစ်တောဖုံးလွှမ်းမှုအား လေ့လာချက်များအရ သစ်တောဖုံးလွမ်းမှု ရာခိုင်နှုန်းအားဆက်လက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်သွားနိုင်မှုနှင့် ဝါးမျိုးစုံနှင့် ကြိမ် ထွက်ရှိသည့် ဒေသဖြစ်သဖြင့် ဝါးနှင့်ဝါးအခြေခံအဆင့်မြင့်ထုတ်ကုန်များ၊ ကြိမ်ကုန် ချော ထုတ်ကုန်များအား တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးကို ဖော်ဆောင်နိုင်မှု၊ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ယခုထက် ပိုမိုထိန်းသိမ်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အခြားလိုအပ်သည် များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော်မီးခိုး ငွေ့လျော့ကျရေးနှင့် လေထုညစ်ညမ်းမှုလျော့ကျရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မှု၊ ဟုမ္မလင်း-ကတ်သာ-မိုဝိုင်းလွတ် ဆက်သွယ်ရေးလမ်းကြောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိမှု၊ ဟုမ္မလင်း -ကတ်သာ ဆက်သွယ်ထားသည့်တံတားအား ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းထိန်း သိမ်း ဆောင်ရွက်ကြရန်လိုအပ်မှု၊ ဟုမ္မလင်းခရိုင်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ လိုအပ်သည့်ထောက်ပံ့ကြေးနှင့် ရင်းနှီး မတည်ငွေများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသတွင်းလျှပ်စစ်ဓာတ်အား ဖူလုံ စွာပေးဝေနိုင်ရေး အတွက် နမ့်ပင ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းများ၊ဓာတ်အားလိုင်းသွယ်တန်းရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦ ထည့် သွင်းတည်ဆောက်ရေးလုပ်ငန်းများအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိမှု ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်မှု၊ စစ်ကိုင်း တိုင်း ဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရားစေ တီပုထိုးများ၊ သာသနိက အဆောက်အဦများအား ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ် ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီး ပြန်လည်ဆွေးနွေးပြော ကြားကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် ဟုမ္မလင်းဒေသအနေဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုဆောင်ရွက်သွားရန်လိုအပ်ချက် ရှိနေ ဆဲဖြစ်ကြောင်း၊ ဥပမာတစ်ခုအနေဖြင့် ပညာရေးပိုင်းနှင့်ပတ်သက်၍ တန်းစဉ်ကူး ပြောင်းမှုများ လျော့နည်းနေဆဲဖြစ်ပြီး ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွား ရန်လိုကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းပါက အသိပညာပိုင်း၌လည်း အားနည်းချက်များ ရှိနေဦးမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရာ၌ နှောင့်နှေးနေဦးမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာနှင့်ပြည့်ဝသည့် လူသား အရင်းအမြစ်များရှိမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအကောင်အထည်ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသနှင့် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာအတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်များ များစွာရရှိခြင်းအားဖြင့် ဒေသနှင့် နိုင်ငံ၏အနာဂတ်ကောင်း ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ သော နည်းလမ်းလေးသွယ်ဖြင့် ပြည့်စုံပါက အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မိရိုးဖလာနည်းလမ်းများအစား စနစ် ကျနသည့် ခေတ်မီနည်းစနစ်များ အသုံးချဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းများတိုးမြင့် လာမည်ဖြစ်ကြောင်း၊ စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ဒေသန္တရစိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းထက် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဒေသန္တရ ကြက်၊ ဝက်၊ နွားများ ကို မိရိုး ဖလာနည်း ဖြင့်မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူသွားမည်ဆိုပါက ဒေသ၏ စားရေး ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်၏ စားရေရိက္ခာဖူလုံ ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ စားသောက်ရေးအတွက် အသား၊ ငါးများ၊ သောက်သုံးရေများနှင့် ရိက္ခာများကို ဖူလုံစွာရရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဟုမ္မလင်း ဒေသတွင် ဆန်ဖူလုံမှုရှိကြောင်း၊ အရည်အသွေးကောင်းသည့် စပါးများစိုက်ပျိုးရန် လိုကြောင်း၊ ရေလိုအပ်ချက်နှင့်ပတ်သက်၍ ချင်းတွင်းမြစ်နှင့် ချောင်းမြောင်းများ ပေါများစွာတည်ရှိသဖြင့် အဆိုပါမြစ်ချောင်းများမှရေများကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေနှင့် သောက်သုံးရေများလုံလောက်စွာရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့အသုံးချနိုင်ရန်အတွက် အတတ်ပညာများလိုအပ်ကြောင်း၊ မြစ်ရေတင်လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း။
အလားတူ ဒေသတွင်းလျှပ်စစ်ဓာတ်အား ဖူလုံစွာပေးဝေနိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံများအနေဖြင့် စဉ်းစားဆောင်ရွက်ကြစေ လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတန်းပညာ၊ အတတ်ပညာများ တက်မြောက်သည့် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်သဖြင့် ဒေသအလိုက်
မွေးထုတ်ပေးကြရန်လိုကြောင်း၊ မိမိတို့ဒေသတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်လုပ်ကြရန်နှင့် နိုင်ငံတော်မှ အလုပ်လုပ်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင် ပေးရန်လိုကြောင်း၊ မိမိတို့၏ ဇာတိဒေသတိုးတက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း။
ဒေသအတွင်း စားသောက်ကုန်များနှင့် လူသုံးကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြု နိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင် ရွက်သွားကြစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့် တိရစ္ဆာန် အစားအစာများကိုလည်း ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် အသုံးပြု နိုင်ကြောင်း၊ ဒေသတွင်း ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ် လုပ်မှုကဏ္ဍမြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး မျိုး၊ မြေ၊ ရေ၊ နည်း ကိုအခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ရိက္ခာနှင့်ပတ်သက်၍ ဒေသတွင်း၌ မီးဖိုချောင်သုံး သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန်လိုကြောင်း၊ ထို့ကြောင့် ဒေသအလိုက် ဝမ်းစာ ဖူလုံရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟုမ္မလင်း)ကို ဖွင့်လှစ်ထားရှိသော်လည်း တက်ရောက်သူနည်းပါးပြီး မွေးမြူရေး ပညာရပ်နှင့်ပတ်သက်၍ တက်ရောက်သူလုံးဝမရှိသဖြင့် မွေးမြူရေးပညာရပ်ပါ တက်ရောက်သင်ကြား၍ ဒေသ၏မွေးမြူရေးကို အထောက်အကူပြုနိုင်သည့် လူသား အရင်းအမြစ်များ ရရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ရရှိရေးအတွက်လည်း အရည်အသွေး ပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်စေရေး ဈေးကွက်သုတေသနပြုခြင်း များကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီးပွားရေး ပညာရပ်များကို တတ်မြောက်သည့် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ် ကြောင်း၊ စီးပွားရေးပညာရပ်များကို တက္ကသိုလ်၊ ကောလိပ်များ၌ သင်ကြားပေးနေ ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နည်းပညာ တတ်လူသားအရင်း အမြစ်များပေါကြွယ်ဝစေရေး Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်
စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများ ပေါများခြင်း သည်အသိပညာအားနည်းမှု၊ အတတ်ပညာအားနည်းမှုများ နှင့် ဆက်စပ်နေသည်ကို အခြေခံအားဖြင့် တွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကိုအကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုး အတွက် နိုင်ငံတော်၏သယံဇာတများကို တရားမဝင်ထုတ်ယူခြင်းများကို အမြောက် အမြား ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လက်နက်အားကိုးဖြင့် ဒေသခံပြည်သူ များထံမှငွေကြေးများ အတင်းအဓမ္မကောက်ခံပြီး ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံး ပြုနေကြကြောင်း၊ ထိုသို့လုပ်ဆောင်နေမှုများကြောင့် ဒေသခံပြည်သူများ ဝန်ထုတ် ဝန်ပိုးများဖြစ်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ဖျက်သွားကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ယခင် ဒီမိုကရေစီအစိုးရ သက်တမ်း နှစ်ခုတွင် နိုင်ငံတော်၏ အကျိုးအတွက် သက်ဆိုင်ရာ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံတော်အစိုးရ တာဝန် ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင် ရာလုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၃)ပိုင်းခွဲ၍ အောင်မြင် စွာကျင်းပနိုင်ခဲ့ကြောင်း၊ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန်နိုင်ရန်အတွက် မိမိတို့အနေဖြင့် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လည်းဆောင်ရွက်နိုင်ခဲ့ကြောင်း။
နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများကို အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ်အေးချမ်း ရေးကိုပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များ မရှိစေရေး အား လုံးဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော် တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတိုး တက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရန်လိုအပ် သဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။
ဟုမ္မလင်းဒေသသို့ လေကြောင်းခရီးစဉ်များပြေးဆွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော် မှ တတ်နိုင်သမျှပြေးဆွဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေကြောင်းပြေးဆွဲမှုများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟုမ္မ လင်းဒေသတိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ က ဌာနဆိုင်ရာတာဝန်ရှိသူများအတွက် လက်ဆောင်ပစ္စည်း များပေးအပ်ပြီး ရှမ်းအမျိုးသားယဉ်ကျေးမှုအဖွဲ့၊ ချင်းအမျိုးသားယဉ်ကျေးမှုအဖွဲ့နှင့် နာဂအမျိုးသားယဉ်ကျေးမှုအဖွဲ့များမှာ တိုင်းရင်းသားများက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ထံ တိုင်းရင်းသား ရိုးရာ လက်ဆောင်ပစ္စည်းများ အားပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ သည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် ဟုမ္မလင်းခရိုင် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ ဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News









No comments:
Post a Comment