လွိုင်လင်မြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်လင်မြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းဖွင့်

 



လွိုင်လင်   ၊ ဖေဖော်ဝါရီ ၁၉

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ လွိုင်လင်ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်ပါသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမှ သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူပြီး နောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ(၆)ဦးဖြင့် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)