အစ္စရေးထောက်လှမ်းရေး ပစ္စည်တွေကို သုံးခဲ့တဲ့ ပိုလန်အရာရှိဟောင်းတွေကို တရားစွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးထောက်လှမ်းရေး ပစ္စည်တွေကို သုံးခဲ့တဲ့ ပိုလန်အရာရှိဟောင်းတွေကို တရားစွဲ


ဖေဖော်ဝါရီ - ၂၆ ( ကြာသပတေးနေ့ ) 

ပိုလန်ပြည်တွင်းလုံခြုံရေးအေဂျင်စီ (ABW) ရဲ့ ဒါရိုက်တာဟောင်းများ နဲ့  စစ်ဘက်တန်ပြန်ထောက်လှမ်းရေး ဝန်ဆောင်မှု (SKW) တို့သည် ပီဂါဆက် ထောက်လှမ်းရေးပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့  စွပ်စွဲခံထားရတယ်လို့ အမျိုးသားအစိုးရရှေ့နေရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ဒေါ်နယ်တက်စ် အစိုးရ တက်လာပြီးနောက်ပိုင်းမှာ အစ္စရေးအခြေစိုက် NSO Group က တီထွင်ထားတဲ့ အငြင်းပွားဖွယ်ဆော့ဖ်ဝဲကို အသုံးပြုမှု နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ အဆိုပါ ပရိုဂရမ်ကို ယခင် အစိုးရရဲ့  ဥပဒေနဲ့ တရားရေး ဌာနက  (PiS) အတိုက်အခံ နိုင်ငံရေးသမားများကို စူးစမ်းရန် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တယ်လို့ အာဏာပိုင်များက အခိုင်အမာဆိုထားပါတယ်။ ဒါပေမဲ့  တရားအစွဲခံထားရတဲ့ အရာရှိဟောင်းတွေကတော့ အဲဒီစွပ်စွဲချက်တွေက နိုင်ငံရေးအရ လှုံ့ဆော်မှု လုပ်တာပါလို့ ဆိုပါတယ်။ 

ABW အကြီးအကဲ နဲ့ SKW အကြီးအကဲဟောင်းတို့ နှစ်ဦးစလုံးသည် ၎င်းတို့ရဲ့တရားဝင်တာဝန်များကို ချိုးဖောက်တယ် လို့ စွပ်စွဲမှုများ နဲ့ ရင်ဆိုင်နေရကြောင်း အစိုးရရှေ့နေရုံးက မနေ့က ပြောပါတယ်။ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ စွဲချက်များက သင့်လျော်ရှင်းလင်းမှုမရှိတဲ့ အပြင် ပီဂါဆက်ကို အသုံးပြုမှု နဲ့ ပတ်သက်ပြီး “အဲ့ဒိစနစ်က သတင်းအချက်အလက် ကာကွယ်မှု လိုအပ်ချက်များနဲ့ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း မရှိဘူး” လို့ တရားလိုပြရှေ့နေက ပြောကြားခဲ့ပါတယ်။ အရာရှိဟောင်းနှစ်ဦးစလုံးသည် မည်သည့်အမှားအယွင်းကို မျှ လုပ်မထားဘူး လို့ ငြင်းဆိုထားပါတယ်။ 

အဲ့ဒိအရှုတ်တော်ပုံမှာ တရားရေးဝန်ကြီးဟောင်းလည်း ပါဝင်ပတ်သက်နေပါတယ်။ မနှစ်က စက်တင်ဘာလ တုန်းက  အစ္စရေးထုတ် ပါဂါဆက် ထောက်လှမ်းရေးဆော့ဖ်ဝဲအသုံးပြုမှုကို ပါလီမန်ကော်မရှင်ရှေ့မှောက်တွင် စုံစမ်းစစ်ဆေး ခံရပြီးနောက် သူ့ကို  ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ တရားရေးဝန်ကြီးက ပီဂါဆက်ကို  စတင်ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ တရားရေးဝန်ကြီးဟောင်းက "ရာဇ၀တ်ကောင်များကို လိုက်ရန် အတွက်ဖြစ်ပြီး နိုင်ငံရေး ပြိုင်ဘက်များကို မရည်ရွယ်ခဲ့ပါဘူး” လို့ ဆိုခဲ့ပါတယ်။ ကြားနာပြီး မကြာခင်မှာပဲ ဝန်ကြီးဟောင်းကို နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု၊ ရာဇ၀တ်မှုအဖွဲ့ကို ဦးဆောင်မှုနဲ့ တင်ဒါကမ်းလှမ်းချက်တွေကို ဝင်ရောက်စွက်ဖက်ခြင်း အပါအဝင် ရာဇ၀တ်မှု ၂၆ ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ တရားရေးဝန်ကြီးဟောင်းက ဟန်ဂေရီ ကို နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့ပြီး ထွက်သွားပါတယ်။ 

၂၀၁၆ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့သော ပီဂါဆက် ထောက်လှမ်းရေး ဆော့ဖ်ဝဲက ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားကျော်ကြားသော အရှုပ်တော်ပုံများစွာ၏ အဓိကအချက်အချာဖြစ်ခဲ့ပါတယ်။ အဆိုပါပရိုဂရမ်သည် iOS စက်ပစ္စည်းများကို ပစ်မှတ်ထားရန် ဒီဇိုင်းထုတ်ထားပြီး ဖုန်းခေါ်ဆိုမှု ၊ စာသားမက်ဆေ့ခ်ျများဖတ်ခြင်း၊ တည်နေရာခြေရာခံခြင်း၊ စကားဝှက်များစုဆောင်းခြင်းနှင့် အခြားအန္တရာယ်ရှိသော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)