မိုင်းဖုန်းဆရာတော် မိုးနဲမြို့သို့ကြွ‌ရောက်အပူဇော်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖုန်းဆရာတော် မိုးနဲမြို့သို့ကြွ‌ရောက်အပူဇော်ခံ




မိုးနဲ၊ ဖေဖော်ဝါရီ ၁၁

အရညဝါသီတောရ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရနှင့် သံဃာတော်များသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မိုးနဲမြို့ နာဟောင်ရပ်ကွက် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိအပူဇော်ခံခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ပြည်သူများက ခရီးဦး ကြိုဆိုခဲ့ကြသည်။

ဦးစွာ အရညဝါသီ တောရ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရထံမှ သီလခံယူတော်မူခဲ့ကြပြီး ဆရာတော်ကြီးက မေတ္တာပို့၊ ဆုတောင်း၊ တရားထိုင်ခြင်းနှင့် အမျှပေးဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဆရာတော်က လက်ဖွဲ့နှင့်ရွှေမိုး၊ ငွေမိုးများရွာသွန်း ပေးခဲ့ပြီး ကျိုင်းတောင်းမြို့သို့ ကြွချီတော်မူခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)