နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ဟွေထိုက်ရေအား လျှပ်စစ်စီမံကိန်းအား ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှုအခြေအနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံ တော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိုးရာသီမရောက်ရှိခင်ကာလအတွင်း လိုအပ်သည့်တည်ဆောက်ရေး လုပ်ငန်း များကို ဆောင်ရွက်သွားရန်၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းလုပ်ငန်းများ ကြိုတင် စီမံဆောင်ရွက်ထားရန်နှင့် ဓာတ်အားဖြန့်ခွဲမည့်အစီအမံများအား ကြိုတင်ရေးဆွဲ ထားရှိရန်၊ ရာသီဥတုဆိုးရွားသည့် နေရာဖြစ်သဖြင့် အခြေခံ Foundation များအား မိုးရာသီမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ ယခုစီမံကိန်းမှတစ်ဆင့် ဒေသ၏ လူမှုအကျိုးစီးပွားကို များစွာအထောက်ကူပြုနိုင်သဖြင့် စီမံကိန်းအား စနစ်တကျဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ သည် ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ်နှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
အဆိုပါ ဟွေထိုက် ရေအားလျှပ်စစ်စီမံကိန်းအား စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှစတင်၍တည်ဆောက်နေခြင်းဖြစ်ပြီး ၄ မဂ္ဂါဝပ်တပ်ဆင်စက်အင်အားရှိလျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၂၀ ဒသမ ၃၈၁ ကီလိုဝပ်နာရီသန်းကိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက လဟယ်မြို့ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၂ ရွာ၊ အိမ် ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းသို့ ရောက်ရှိပြီး နာဂတောင်တန်းသာသနာပြုဗဟို ခေါင်းဆောင် ဆရာ တော် မဟာသဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ သုမန အားဖူးမြော်ကြည် ညိုကာ စုပေါင်းနဝကမ္မအလှူတော်ငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဆရာတော်အား သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး ဆရာတော်၏မိန့်ကြားမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် လဟယ်မြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ ပညာရေးကြိုးစားအားထုတ်မှုရှိစေရေး အားပေးစကားပြောကြားသည်။
အလားတူ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ဇနီး ဒေါ်ကြူကြူလှသည် ကော်မရှင်အတွင်းရေးမှူး၏ဇနီး၊ အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုသီလရှင်ကျောင်းသို့ သွားရောက်၍ သီလရှင်ဆရာကြီးများအား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် သီလရှင်ဆရာကြီး များ၏ မိန့်ကြားမှုများအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#News #MNP








No comments:
Post a Comment