လှည်းကူးမြို့နယ်၊ ဆင်ဖုန်(မြောက်)ကျေးရွာအနီးရှိ လယ်ကွင်း၌ ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးများတွေ့ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှည်းကူးမြို့နယ်၊ ဆင်ဖုန်(မြောက်)ကျေးရွာအနီးရှိ လယ်ကွင်း၌ ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးများတွေ့ရှိ









ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုန်(မြောက်)ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း၌ PC ပိုက်(အပြာ) စွတ်ထားသည့် မသင်္ကာဖွယ်ပစ္စည်းများတွေ့ရှိကြောင်း ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်များအရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အဆိုပါလယ်ကွင်းအတွင်း၌ PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များက ပစ်ခတ်ရန် ပြင်ဆင်ထားသည့် PC ပိုက်(အပြာ)စွတ်လျက် အနေအထား ဖြင့် ရှော့တိုက်ဒုံး ၆ လုံးကို တွေ့ရှိရသဖြင့် အများပြည်သူများ အန္တရာယ်ကင်းရှင်း စေရေးအတွက် ဒုံးသီးများကို စနစ်တကျသက်မဲ့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း နှင့် အကြမ်းဖက်သမားများ၏ သတင်းများနှင့် အကြမ်းဖက်လုပ်ရပ်များကို မသင်္ကာ ဖွယ်တွေ့ရှိပါက ယခုကဲ့သို့ သတင်းပေးပို့ခြင်းဖြင့် အများပြည်သူတို့ ထိခိုက်ပျက်စီးမည့် အန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရန်အတွက် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူပိုင်အဆောက်အအုံများ၊ လမ်းတံတားများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံးများ၊ Drone များဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)