ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံက အမေရိကန် ပဲပုတ်ဖတ်ကို ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်သံရုံးက ၂၅-၂-၂၀၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အရှေ့တောင်အာရှသို့ အမေရိကန် ပဲပုပ်ဖတ်တင်ပို့မှု တိုးမြှင့်နိုင်ရန်အတွက် အမေရိကန် တင်ပို့ရောင်းချသူနှင့် မြန်မာဝယ်ယူသူများအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သံရုံးမှ မျက်မြင်တွေ့ကြုံခွင့်ရခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်လယ်သမားများအတွက် ဈေးကွက်သစ်များ ဖော်ဆောင်ပေးသည့်အပြင် ဒေသတွင်း၌ ခိုင်မာသော ထောက်ပံ့ရေးကွင်းဆက်များနှင့် ရေရှည်စီးပွားရေး အဆက်အသွယ်များကိုလည်း ပိုမိုအားကောင်းစေပါကြောင်း၊ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီး ထုတ်လုပ်သူများနှင့် ဝယ်ယူသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည့် ကုန်သွယ်ရေးအစီအစဉ်များကို မိမိတို့ ကြိုဆိုပါကြောင်း ထုတ်ပြန်ထားသည်။
#MNP #News



No comments:
Post a Comment