ဖေဖော်ဝါရီ - ၂၅ ( ဗုဒ္ဓဟူးနေ့ )
တရားမဝင်သတ္တုတူးဖော်မှုနှင့် အုပ်စုဖွဲ့အကြမ်းဖက်မှုများကို တိုက်ဖျက်ရန်အတွက် တောင်အာဖရိကနိုင်ငံ ဂူတန်ပြည်နယ်တွင် စစ်သား ၄၅၀ ကျော်ကို တပ်ဖြန့်ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် လီဆူဖီ က တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့ပါတယ်။ သူက ဂျိုဟန်တက်ဘာဂ်မြို့ နက်စရက်ကုန်စည်ပြပွဲမှာ အဲ့ဒိသတင်းကို ထုတ်ဖော်ပြောလိုက်တာပါ။
ယခုလအစောပိုင်းတွင်၊ သမ္မတ ဆိုင်ရေး ရာမာဖို့ဆာ က ဇာမားတွေလို့ လူသိများတဲ့ တရားမဝင် မိုင်းလုပ်သားများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဥပဒေစိုးမိုးရေးအတွက် တောင်အာဖရိက အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (SANDF) ကို ဂူတန် သို့ စစ်တပ်တွေစေလွှတ်မယ်လို့ ကြေငြာထားပါတယ်။ တရာမဝင်မိုင်းလုပ်သားတွေကို ရှင်းလင်းခြင်းရဲ့ နောက်ဆက်တွဲပြဿနာက ကျူကျော်နေထိုင်တဲ့ မိသားစုတွေကို အတင်းအကျပ်ရွှေ့ပြောင်းရသလို ဖြစ်နေပါတယ်။
လီဆူဖီ က “ကျွန်မတို့ ပြည်နယ်မှာ တရားမ၀င် သတ္တုတူးဖော်မှုဟာ သည်းမခံနိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ လောလောဆယ်ကတော့ မိသားစုပေါင်း ၆၀၀ ကျော်ကို ပစ်မှတ်ထားပြီးရွှေ့ပြောင်းဖို့ လုပ်နေပါတယ်။ ခရိုင်အနှံ့မှာလည်း ဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို တွေ့နေရပါတယ်” လို့ ဆိုပါတယ်။
ကျူးကျော်နေထိုင်သူများက လက်နက်ကိုင်ဆောင်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များကို အပြင်းအထန် ခြိမ်းခြောက်မှုတွေလုပ်နေပါတယ်။ "အချို့သောအခြေအနေများတွင်၊ ဒေသခံများသည် ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများကြောင့် နေအိမ်များမှထွက်ပြေးနေကြရပါတယ်။ တရားမဝင် တူးဖော်မှုများက ဒေသတွင်း လူမှုအသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုဆိုးရွားမှုကို ဖြစ်စေတယ်” လို့ ဆိုပါတယ်။
“အန္တရာယ်ရှိသော အစုအဖွဲ့များသည် တရားမဝင် မိုင်းတွင်းနေရာများကို သိမ်းပိုက်ရန် AK-47 အပါအဝင် စွမ်းရည်မြင့်လက်နက်များကို အသုံးပြုနေကြပါတယ်။ လီဆူဖီက အစိုးရသည် ဤအကြမ်းဖက်မှုကို ရပ်တန့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ “သမ္မတရဲ့ ဆုံးဖြတ်ချက်တွေကို ကြိုဆိုပါတယ်၊ ပြီးတော့ ကျမတို့ ပြည်နယ်မှာ တရားမ၀င် တူးဖော်မှုတွေ နှိမ်နင်းဖို့နဲ့ တိုးပွားလာတဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းရာမှာ ကူညီဖို့ စစ်သား ၄၅၀ ကျော်ကို ချထားပေးကြောင်း ကြေညာချင်ပါတယ်” လို့ ဆိုသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment