အမေရိကန်က အီရန်ကို ပိတ်ဆို့မှု အသစ် ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က အီရန်ကို ပိတ်ဆို့မှု အသစ် ချမှတ်


ဖေဖော်ဝါရီ - ၇ ( စနေနေ့)

အီရန်နျူကလီးယားအစီအစဉ်ဆိုင်ရာ မည်သည့်သဘောတူညီချက်ကိုမဆို ဖိအားများနှင့် ခြိမ်းခြောက်မှုများ ကင်းစင်ပြီး “ငြိမ်သက်သော” ဆွေးနွေးမှုရမှသာ ဖြစ်လာနိုင်ကြောင်း  အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရာဂချီ က အိုမန်တွင် သောကြာနေ့က အမေရိကန်နဲ့ သွယ်ဝိုက်သော ဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့ပါတယ်။ အဲ့ဒိတိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲအပြီးမှာ ဝါရှင်တန်က တီဟီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို ကြေညာခဲ့ပါတယ်။ 

အာရာဂချီက  "ရှုပ်ထွေးသောရှစ်လတာကာလ" ပြီးနောက် အမေရိကန်နှင့်တွေ့ဆုံဆွေးနွေးမှု ပြန်လည် စတင်ခြင်းကို ကြိုဆိုခဲ့ပြီး သောကြာနေ့တွင် ရှစ်နာရီကြာညှိနှိုင်းမှုအား အိုမန် ရဲ့ နိုင်ငံခြားရေးဝန်ကြီးမှ ကြားဝင်ဖျန်ဖြေမှု လုပ်ခဲ့ပါတယ်။ "ကောင်းသောအစ" ဟုခေါ်ဆိုခဲ့ပေမဲ့ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် လိုအပ်ကြောင်း နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြတယ်လို့ တီဟီရန်ရဲ့ ထိပ်တန်းသံတမန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

ဆွေးနွေးပွဲများ ပြီးဆုံးပြီး မကြာမီတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အီရန်ရေနံ၊ ရေနံထွက်ပစ္စည်းနှင့် ရေနံဓာတုဗေဒ ထုတ်ကုန်များကို တရားမဝင် ကုန်သွယ်မှုနဲ့ ဆက်နွှယ်နေတယ်ဆိုပြီး အီရန် လုပ်ငန်း ၁၅ ခု၊ တစ်ဦးချင်း ၂ ယောက် နဲ့ သင်္ဘော ၁၄ စင်းအား စွပ်စွဲခဲ့ပါတယ်။ အဆိုပါ လှုပ်ရှားမှုက သမ္မတ ဒေါ်နယ်ထရမ့် အာဏါရတဲ့ အချိန်ကစပြီးနောက်  "အမြင့်ဆုံးဖိအားပေးရေး လှုပ်ရှားမှု" ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ 

သောကြာနေ့က သတင်းထောက်များနှင့် စကားပြောရာတွင် အာရာဂချီက အမေရိကန် ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်းတွင် ခြိမ်းခြောက်မှု သို့မဟုတ် ဖိအားကင်းကင်းဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဝန်ကြီး၏ အဆိုအရ လွန်ခဲ့တဲ့ ရှစ်လတုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ကျော်လွှားရန် လိုအပ်သော “မယုံကြည်မှုကြီး” အငွေ့အသက်ကို ဖန်တီးနေပါတယ် လို့ သိရပါတယ်။ 

ပြီးခဲ့သည့် ဇွန်လက အီရန်နျူကလီးယားစက်ရုံများကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း အီရန်မှာဖြစ်ပေါ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် တင်းမာမှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အမေရိကန်နှင့် အစ္စရေးတို့က ဆူပူအုံကြွမှုကို လှုံ့ဆော်နေသည်ဟု တီဟီရန်က စွပ်စွဲခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)