သင်္ဃန်းကျွန်း ၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီး (ဇ-တောင်) ရပ်ကွက်ရှိ မန္တလေးပရိယတ္တိစာသင်တိုက် ဆရာတော်ဦးဓမ္မပိယ (BA- ဓမ္မာစရိယ) ဦးဆောင်ကာ အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအား သာသနာတော်နှစ် ၂၅၆၇ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ထိ (၅) ရက်တိုင် ရွတ်ဖတ်ပူဇော်မည်ဟု သိရသည်။
ထို့နောက် အသံမစဲမဟာပဌာန်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအား သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းတိုက်ပေါင်း (၂၄) ကျောင်းမှ ဆရာတော်များက တစ်ပါးလျင်ရွတ်ဖတ်ပူဇော်ချိန် (၁) နာရီကြာ အချိန်ဇယားဖြင့် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ဇော်မိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment