ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်









ဖေဖော်ဝါရီ ၂၀

 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၌ ဦးမြင့်လွင်၏ အစေ့ထုတ်ပြောင်း မျိုးစေ့ထုတ်စမ်းသပ်စိုက်ခင်းနှင့် တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်း ဧက(၂၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သီးနှံပေါ်ချိန်တွင် စိုက်ပျိုး သီနှံများ ထိုက်သင့်သည့်ဈေးနှုန်းရရှိရေးနှင့် သီးနှံများအလိုက် ရိတ်သိမ်းချိန်လေလွင့်မှု မရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

 ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေအင်ဒုံကျေးရွာ၌ တောင်သူ ဦးဝင်းမောင်၏ သဘာဝရွက်ဖျန်းမြေဩဇာ အောင်မြင်ဖြစ်ထွန်းနေသည့် ပဲလွန်းစိုက်ခင်းနှင့် ဖအောင်ဝဲ ကျေးရွာရှိ တောင်သူ ဦးတင်ဌေး၏ သဘာဝရွက်ဖျန်းမြေဩဇာ အောင်မြင်ဖြစ်ထွန်းနေသည့် မြေပဲစိုက်ခင်း တို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝရွက်ဖျန်းမြေဩဇာသည် မိမိတို့ကိုယ်တိုင် ကုန်ကျစရိတ်မရှိ ထုတ်လုပ်နိုင်ခြင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုစရိတ်သက်သာခြင်း၊ သဘာဝရွက်ဖျန်းမြေဩဇာအသုံးပြုခြင်းဖြင့် ပိုးမွှားရောဂါကျရောက်မှုခံနိုင်ခြင်းနှင့်အတူ မြေဆီလွှာဓါတ် ပြန်လည်ကောင်းမွန်သဖြင့် သဘာဝရွက်ဖျန်းမြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသွားကြရန် လမ်းညွှန် မှာကြားခဲ့သည်။

 ယင်းနောက် နတ်ကင်းကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်လွင်၏ ကွင်းစာဖြင့် စီးပွားဖြစ် ဥစားဘဲကောင်ရေ (၁၂၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးပြီးနောက် ဦးအောင်မြင့်၏ တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၁၀၀) မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း တန်ဖိုးမြှင့် ပေါ်ဆန်းမွှေးစပါးမျိုးအား ဇုံအလိုက်မျိုးစေ့ထုတ် စိုက်ခင်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ၌ ရေဆင်းပေါ်ဆန်း (၂) နွေစပါးမျိုးစေ့ထုတ်အကွက်ကျယ်စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး ခဲ့ပြီး ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂)တို့သည် သက်တမ်းစပါးများဖြစ်၍ ရာသီမရွေးစိုက်ပျိုး နိုင်မည်ဖြစ်ကာ တန်ဖိုးမြင့်ပြည်ပပို့ကုန်ဖြစ်၍ ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးအောင်မြင်ထုတ်လုပ် နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများအတွက် လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)