တံတားဦး ၊ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဥယျာဉ်ခြံမြေစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသော တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများ ရောင်းချဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ဖီးကြမ်းငှက်ပျောပင်များကို ဥယျာဉ်ခြံစနစ်ဖြင့် စနစ်တကျ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြပြီး ဖီးကြမ်းငှက်ပျောမျိုးများကို ဝါတွင်းကာလနှင့် အလှူအတန်းပေါများသည့်အချိန်များတွင် အများဆုံးရောင်းချရပြီး အခြားသောအချိန်များတွင် ပုံမှန်စားသုံးသူများထံ ရောင်းချရသောကြောင့် လက်ရှိအချိန်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးကို အနည်းဆုံး ငွေကျပ်၂၅၀၀မှ အများဆုံးငွေကျပ်၃၅၀၀အထိ ရောင်းချရကြောင်း၊ ထိုသို့ရောင်းချရာတွင်လည်း ငှက်ပျောသီး၏ အလုံးရေအနည်းအများနှင့် အလုံးအကြီးအသေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားကြောင်း၊ ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင် အနည်းဆုံးလေးပေ(သို့မဟုတ်) ခြောက်ပေအကွာစနစ်ဖြင့် အတန်းလိုက်စနစ်တကျ ရေသွင်းစိုက်ပျိုးကြကြောင်း၊ ယခုနောက်ပိုင်း ဥယျာ်ဉ်ခြံစနစ် လုပ်ကိုင်သူများအနေဖြင့် အာဆီယံသပြေပန်းများ၊ သရက်များကို ထည့်သွင်းစိုက်ပျိုးလာကြပြီး တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက် တောင်သူများထံမှသိရသည်။
ငှက်ပျောသီးသည် ကျန်းမာရေးအတွက်အထောက်အကြုပြုသော အစားအစာဖြစ်ပြီး အလှူအတန်းများပြုလုပ်ခြင်း၊ ဧည့်သည်များအား တည်ခင်းဧည့်ခံခြင်းနှင့် မိသားစုသရေစာအဖြစ် စားသုံးခြင်းတို့အတွက် အများဆုံးဝယ်ယူ အသုံးပြုခြင်းတို့အတွက်ကြောင့် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ရဲတင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment