ဥက္ကံမြို့၌ မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥက္ကံမြို့၌ မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသ




တိုက်ကြီး  ၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ဗဟန်းအမျိုးသမီးဆေးရုံနှင့် မျက်စိအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် တိုက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဥက္ကံတိုက်နယ်ဆရာဝန်တို့ ပူးပေါင်း၍ မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိအထူးကုကွင်းဆင်းကုသပေးခြင်းကို ယမန်နေ့က ဥက္ကံမြို့ ရွှေကံသာခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းကုသဆောင်ရွက်ရာတွင် မျက်စိရောဂါဝေဒနာရှင်လူနာ ၄၀၁ ဦးအား ကြည့်ရှုစစ်ဆေးပေးပြီး မျက်စိအတွင်းတိမ်ခွဲစိတ်ရန် လိုအပ်သူ ၅၃ ဦး၊ မျက်စိမျက်မှန်စမ်းသပ်သူ ၂၁၁ ဦး၊ မျက်စိရောဂါဆေးပေးကုသသူ ၄၄ ဦး၊ အခြားရောဂါ ၉၃ ဦးတို့အား စစ်ဆေးကုသပေးခဲ့ပြီး မျက်စိဆေးရုံကြီးသို့ လွှဲပြောင်းကုသသူ ၈ ဦးနှင့် လူနာ ၂၁၁ ဦးအား အခမဲ့မျက်မှန်ထောက်ပံ့ပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ဥက္ကံမြို့ မြို့အုပ်ချုပ်ရေးမှူး၊ ဥက္ကံတိုက်နယ်ဆေးရုံမှ ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးကာ ခွဲစိတ်ကုသရန်လိုအပ်သော မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံ၌ အခမဲ့ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)