ဖေဖော်ဝါရီ - ၂၁ ( စနေနေ့ )
ဘောလ်ကန်ဒေသက နိုင်ငံတစ်ခုဖြစ်တဲ့ အယ်လ်ဘေးနီးယားမှာ လက်ဝဲယိမ်းဝန်ကြီးချုပ် အီဒီရာမာရဲ့ အစိုးရအဖွဲ့ကို အကျင့်ပျက်ခြစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန္ဒပြကြတဲ့သူတွေက ဝန်ကြိးချုပ်ရုံးကို မိုလိုတော့ မီးလောင်ပုလင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။
မြို့တော်တီရာနာတွင် အဓိက အတိုက်အခံအင်အားစုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (PD) က ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေက အဓိကရုဏ်းအသွင်းဆောင်လာပြီး အစိုးရအဖွဲ့ရုံးတွေကို တိုက်ခိုက်တဲ့ အထိ ပြင်းထန်လာခဲ့ကြပါတယ်။ တာဝန်ကျ အရာရှိတွေကို မီးရှူးမီးပန်များနဲ့ တိုက်ခိုက်ခြင်း ၊ မီလောင်ပုလင်းများကို ပစ်ခွဲခြင်းဖြင့် တိုက်ခိုက်ခြင်းလို အကြမ်းဖက် လုပ်ငန်းတွေကို လုပ်ဆောင်လာပါတယ်။
အစိုးရရုံးချုပ်များ နဲ့ ရဲအရာရှိများကို မီးလောင်ဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြလို့ အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် တုံ့ပြန်ခဲ့ပါတယ်။ ဒေသတွင်း မီဒီယာများရဲ့ အဆိုအရ တိုက်ပွဲများသည် နာရီပေါင်းများစွာ ကြာခဲ့တယ်လို့ သိရပါတယ်။
“တိုင်းပြည်ကို ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှုတွေထဲ ကျဆင်းသွားစေခဲ့တဲ့ အယ်လ်ဘေးနီးယားနိုင်ငံကို ဝန်ကြီးချုပ် အီဒီရာမာလက်ထဲကနေ ကျနော်တို့ ကယ်တင်မှာပါ” လို့ အတိုက်အခံအဖွဲ့ က ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ကတော့ အတိုက်အခံခေါင်းဆောင်များကို အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုဟု စွပ်စွဲကာ “နိုင်ငံသားများ၊ ရဲတပ်ဖွဲ့နှင့် သတင်းထောက်များကို အန္တရာယ်ဖြစ်စေနိုင်သည့် လုပ်ရပ်ကို ရှောင်ကြဉ်ရန် ၎င်းတို့၏ထောက်ခံသူများကိုလည်း သတိပေး တောင်းဆိုထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment