နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန် တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်းခြင်း၊ အထူးဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ နှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားတဲ့ နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က ဘွဲနှင်းသဘင်ခန်းမအတွင်းနေရာယူပြီး သဟာယအဖွဲ့ က ဘွဲ့နှင်း သဘင်အတွင်း ဝင်ရောက်နေရာယူကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ထက်၌ နေရာယူပြီး နိုင်ငံတော် အလံအား အလေးပြုကြသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က အထူးဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပကြောင်းကြေညာပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စွမ်းဆောင်ရည်များအား ဖတ်ကြားတင်ပြသည်။
ထိုသို့ဖတ်ကြားတင်ပြရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အထူးဘွဲ့နှင်းသဘင် အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်း ရခြင်း မှာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ် မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့် ဖြစ်ပါကြောင်း၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တိုင်း တွင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖိအားပေးမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ၊ နိုင်ငံတကာအသိုက်အဝန်းများနှင့် လိုက်လျောညီထွေရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုများ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စိန်ခေါ်မှုများအကြား မှ ပြည်သူများ အထူးလိုလားတောင့်တမျှော် လင့်လျက်ရှိသည့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲ၏ ဆောင်ရွက်ချက်သမိုင်းမှတ်တိုင်တစ်ခုပင် ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူ စာချုပ်(NCA) လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ပေးထား ပြီး အစိုးရ၊ တပ်မတော်နှင့် ပြည်သူပူးပေါင်းကာ အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ရေးရာ ကိစ္စရပ်များတွင်လည်း ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယ၊ တရုတ် နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့ကြောင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြားမှ မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေးနည်းလမ်းများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း။
နိုင်ငံ့စီးပွားပြန်လည်ဦးမော့လာစေရေးအတွက်လည်း နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများကို ကြံ့ကြံ့ခံပြီး သွင်းကုန်အစားထိုးပစ္စည်းများ ပိုမိုထုတ်လုပ်ရေး၊ ပြည်ပ ပို့ကုန်တိုးမြှင့်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး၊ နိုင်ငံတွင်းစားရေရိက္ခာဖူလုံစေရေး တို့အတွက် စီးပွားရေးမူဝါဒများ အစဉ်တစိုက်ချမှတ်လုပ်ဆောင်ရန် ဦးဆောင်လမ်းညွှန် မှုပြုပေးသူများသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ပေးလိုသည့် နိုင်ငံတော်အကြီးအကဲ၏ မေတ္တာစေတနာပင်ဖြစ်ကြောင်း၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရာတွင် ပညာရေးသည် အဓိကကျသည့် ကဏ္ဍတစ်ခုဖြစ်သဖြင့် ကိုဗစ် - ၁၉ ရောဂါအလွန်ကာလတွင် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာ တက္ကသိုလ် များကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ပညာရည်မြှင့်တင်မှုလုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက်ဆောင်ရွက်ပေး ခဲ့ပြီး Napyitaw State Academy နှင့် Napyitaw Polytechnic University များ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း Polytechnic University များဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဦးဆောင်လမ်းညွှန်မှု ပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာစေရေး အတွက်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်၊ ထူးချွန်အားကစားလူငယ်များမွေးထုတ်ပေးနိုင်ရန်အတွက်လည်း နိုင်ငံ ဂုဏ်ဆောင်အားကစားလူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အထူးအလေး ပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒကိုချမှတ်ပြီး ပြည်သူများ၏ မျှော်မှန်းသက်တမ်းများ မြင့်မားလာစေရန်နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လမ်းညွှန်ချမှတ်ပေးပြီး ခေတ်မီဆေးပညာရပ် များကို လေ့လာနိုင်စေရန် အတွက်လည်း ဘဏ္ဍငွေများကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ အလားတူ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ မြန်မာ့မီးရထားပို့ဆောင်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး အတွက် လည်း လမ်းညွှန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဘာသာ၊ သာသနာ နှင့်ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲ၏ ထူးခြားသည့် သာသနာ့မှတ်တိုင်မှာ နေပြည်တော်ကောင်စီ နယ်မြေတွင် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ခဲ့ကြောင်း။
လုံခြုံရေးနှင့်ကာကွယ်ရေးအတွက်လည်း ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်း နိုင်ရေး အတွက်လည်း ခေတ်မီကာကွယ်ရေးနည်းပညာများကို စမ်းသပ်တီထွင် ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုများနှင့်ပတ်သက်၍လည်း မိုခါမုန်တိုင်းဒဏ်၊ ရာဂီ မုန်တိုင်းဒဏ် ခံခဲ့ရသည့်ဒေသမျာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန် ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ မန္တလေးငလျင်ကြီး အလွန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း အလျင်အမြန်ဆောင်ရွက်စေရေး တွန်းအားပေး စီမံညွှန်ကြားခဲ့ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်သည့် ပျက်စီးခဲ့သည့် အခြေခံကျောင်း များနှင့် တက္ကသိုလ်များကိုလည်း ဦးစားပေးအနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ မန္တလေးတက္ကသိုလ်နှစ် ၁၀၀ ပြည့်အတွက် မန္တလေးတက္ကသိုလ် ပင်မဆောင် ကို ယခင်မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့ပါကြောင်း။
ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးကို အဓိကခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းငွေကြေးလိမ်လည်မျုများကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဘက်စုံကဏ္ဍစုံမှ ထူးခြားပြောင်မြောက်စွာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ထို့သို့ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည့် ထူးကဲသော ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa) ကိုချီးမြှင့်အပ်နှင်းခွင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းဖြင့် ပြောကြား သည်။
၎င်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration,St. Petersburg မှ Director/ Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University ၏ First Vice-Rector ဖြစ်သူ Prof. Kaigorodov Evgeny Vikorovich ၊ ထိုင်းနိုင်ငံ Mahido University မှ Vice-President ဖြစ်သူ Dr. Thatchaveeleelawat နှင့် ဗီယက်နမ် နိုင်ငံ Ho Chi Minh City University of technology မှ Vice-President ဖြစ်သူ Dr. Ly Thein Trang တို့က ဂုဏ်ပြုစကားများ အသီးသီးပြောကြားကြသည်။
ထိုသို့ပြောကြားရာတွင် ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယနေ့ခေတ် ကမ္ဘာ့အခြေအနေတွင် ခိုင်မာသော အုပ်ချုပ်ရေးပညာရပ်၏ အထူးအရေး ပါမှုကို သိသာထင်ရှားစေသည့် အဓိပ္ပါယ်သက်ရောက်မှုကြီးမားသော အခမ်းအနား ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် ပြည်သူအပေါ် သစ္စာရှိစွာဖြင့် အမှုထမ်းရွက်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဂုဏ်ပြုသည့် အခမ်းအနားပင်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည် ရင်းနှီးမှုများ၊ အပြန်အလှန်နားလည်မှုများ အားကောင်းခိုင်မာလာစေရန် ဆောင်ရွက် ပေးနေသူ နိုင်ငံတော်အကြီးအကဲကို လူကိုယ်တိုင် တွေ့ဆုံဂါရဝပြုခွင့်ရရှိသည့်အတွက် မိမိတို့အနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်များအပေါ်တွင် နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်မှုများ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုများ၊ ပညာရှင်ပီသမှုများသည် စံနမူနာယူစရာ ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူ့အဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ယခုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့် အပ်နှင်းခြင်းပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ အတွေ့အကြုံနှင့် အသိပညာသည် အနာဂတ် ကို ပုံဖော်ပေးည့် လူငယ်ခေါင်းဆောင်များ၊ လူငယ်သိပ္ပံ ပညာရှင်များ၏ ပညာရေး အတွက် အခြေခံကောင်းချမှတ်ပေးနိုင်မည်ဟုမိမိတို့ အနေဖြင့် ယုံကြည်ပါကြောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ (D.P.A.) အပ်နှင်းခြင်းကို ဂုဏ်ပြုရန် စုဝေးရောက်ရှိ နေကြခြင်းဖြစ်ပြီး၊ ဒီဂုဏ်ထူးဆောင်ဘွဲ့ဟာ အကြီးအကဲရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ခေါင်းဆောင်မှု သမိုင်းမှတ်တိုင်ကို ထင်ဟပ်ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ အကြီးမားဆုံး အောင်မြင်မှုတစ်ခုမှာ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် စနစ်တကျ ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ အဆိုပါမှတ်တိုင်သည် တည်ငြိမ် အေးချမ်းမှုအတွက် ခိုင်မာသည့်အုတ်မြစ်ကို ချမှတ် ပေးခဲ့ပြီး နိုင်ငံတော်၏ အနာဂတ်အတွက်ချောမွေ့သည့် ကူးပြောင်းမှုဖြစ်စဉ်ကို အာမခံချက်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံသည် ထွန်းကားစည်ပင် နေပြီဖြစ်သည်ကို နိုင်ငံတကာအသိုက်အဝန်း အတွက် အထင်အရှား သက်သေပြသနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီး ယခု ၂၀၂၆ ခုနှစ်မှစ၍ နောင်လာနောက်သားမျိုးဆက်များတိုင်အောင် အင်အားတောင့်တင်းခိုင်မာပြီး သာယာဝပြောမှုများ တိုးပွားပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါကြောင်းဖြင့် အသီးသီး ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အား အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က အမှတ်တရ မိန့်ခွန်းပြောကြားသည်။
၎င်းနောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းကို မော်ကွန်းတိုက်တွင် ထိန်းသိမ်းရန် ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်းက ကြေညာသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဘွဲ့နှင်းသဘင်ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ရန်ကုန်တက္ကသိုလ်မှ ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိရဟန်းတော်များ၊ နိုင်ငံ ရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူး ဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့သည့်ဘွဲ့များသည် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များဖြစ်ကြောင်း၊ ရဟန်းသံဃာများဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရ တို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ကြောင်း၊ နိုင်ငံတကာ ခေါင်းဆောင် များဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်များ ဗဟိုစာကြည်တိုက်သို့သွားရောက်၍ စာကြည့်တိုက်အတွင်း ရှေးဟောင်းစာအုပ်စာစောင်များအား စနစ်တကျထိန်း သိမ်းထားရှိမှုနှင့်ပျက်စီးပျောက်ဆုံးမှုများမရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တာဝန်ရှိသူများကရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။
#MNP #News




No comments:
Post a Comment