တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်အဖွဲ့အား ဆက်လက်နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့ မတ် ၇ ရက် နံနက်ပိုင်းအချိန် မြောက်စမ်းဒေသတွင် AA အကြမ်းဖက်အဖွဲ့အား လိုက်လံချေမှုန်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
AA အကြမ်းဖက်အဖွဲ့အား နှိမ်နင်းဆောင်ရွက်စဉ်အတွင်း AA အကြမ်းဖက်သမား ၁ လောင်း၊ လက်နက်မျိုးစုံ ၃ လက် ( MA-2 သေနတ် ၁ လက်၊ Type-81 သေနတ် ၂ လက်)၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၅၀ တောင့်၊ ကျည်ကာဦးထုပ် ၃ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
AA အကြမ်းဖက်အဖွဲ့သည် တပ်မတော်သားမိသားစုဝင်များနှင့် နိုင်ငံဝန်ထမ်းများကို အစုလိုက် အပြုံလိုက် ရက်စက်စွာ သ-တ်ဖြတ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဖြစ်သည်။
#News #MNP

No comments:
Post a Comment