နေပြည်တော်၊ မတ် ၁၆
လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမရှိရင် ပြန်ရုပ်သိမ်းခွင့်ဥပဒေ အဆိုတင်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က မီဒီယာများကို ပြောကြားသွားပါတယ်။
ဦးလှဆွေ က "ကျွန်တော်တို့ သတ္တိရှိရမယ်လေ၊ အလုပ် လုပ်ရမယ်လေ။ ကိုယ့်ကိုယ်ကို သတ္တိမရှိတဲ့သူက ဒီဟာကို သဘောတူမှာ မဟုတ်ဘူး။ ထိုင်ပြီး အိပ်ငိုက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ဘာအဆိုမှ ဘာမေးခွန်းမှ မတင်တဲ့အခါကြတော့ တိုင်းပြည်အတွက်လည်း နစ်နာတယ်လေ။ ဒေသအတွက်လည်း နစ်နာတယ်။ ဒါမျိုးကို ပြန်ပြီးတော့ ရုပ်သိမ်းပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းဖို့ ကျွန်တော်က ဆောင်ရွက်မယ်။ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမရှိရင်ရုပ်သိမ်းခွင့်ဥပဒေကို ကျွန်တော်က အဆိုတင်မှာ။ အရည်အချင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ခေါ်ပါ။ ဟုတ်လား။ ဘာလို့ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒါမှလည်း အလုပ် လုပ်မှာနော်။ လွှတ်တော်ကိုယ်စားလှယ် အလုပ် လုပ်မှလည်း ဒေသက ဖွံ့ဖြိုးမှာ၊ တိုးတက်မှာ။ ဒါကြောင့်မို့ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်ရုပ်သိမ်းခွင့်ကို ၂၀၁၀ တုန်းကလည်း မလုပ်ဘူး။ ၂၀၁၅တုန်းကလည်း မလုပ်ဘူး။ အခု ကျွန်တော်တို့ ၂၀၂၆မှာတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ထိုင်ပြီး အိပ်ငိုက်ပြီး လစာထုတ်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ဘာအဆိုမှ ဘာမေးခွန်းမှ မတင်တဲ့အခါကြတော့ တိုင်းပြည်အတွက်လည်း နစ်နာတယ်၊ ဒေသအတွက်လည်း နစ်နာတယ်။ ဒါမျိုးကို ပြန်ပြီးတော့ ရုပ်သိမ်းပိုင်ခွင့်ဥပဒေပြဋ္ဌာန်းဖို့ ကျွန်တော်က ဆောင်ရွက်မှာ" ဟု ပြောသည်။
ယနေ့ (၁၆-၃-၂၀၂၆) ရက်နေ့တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ခေါ်ယူခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
#News #MNP

No comments:
Post a Comment