နေပြည်တော်၊ မတ် ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံသစ်ရှေ့၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ အဆိုပါဆေးရုံသစ်အား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆေးရုံကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များနှင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် အဆိုပါဆေးရုံသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆေးရုံသစ်ဖွင့်လှစ်ပေးရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံသစ်အား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment