Pages

Pages

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ကျောင်းသူ/ ကျောင်းသားများ အေးချမ်းစွာဖြင့် စတင်ဖြေဆို







ပုဇွန်တောင်၊ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲအား မြန်မာစာဘာသာရပ်အား ယနေ့နံနက် ၉ နာရီကစတင်၍ စတင်ဖြေဆို လျက်ရှိရာ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ခင်သီတာငြိမ်းနှင့် တာဝန်ရှိသူများ၊ ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ ပုဇွန်တောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို၍ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် စာဖြေဌာနဖွင့်လှစ်ဖြေဆိုလျက်ရှိပြီး ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ (၆၅)ဦး စုစုပေါင်း(၁၁၇)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အတွက် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များမှ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဟန်စုယဉ်

#News #MNP

No comments:

Post a Comment