Pages

Pages

အင်ဒိုနီးရှားက အိန္ဒိယမှ ဘရာမို့စ်ဒုံးကျည်တွေ ဝယ်လိုက်ပြီ




မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

အင်ဒိုနီးရှားက အိန္ဒိယထံမှ ဘရာမို့စ် အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်များ ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။ အိန္ဒိယနှင့် ရုရှားအစိုးရများပေါင်းထုတ်တဲ့ ဘရာမို့စ်ခရုဇ်ဒုံးကျည်တွေကို ကန်ဒေါ်လာ သန်း ၂၀၀ မှ သန်း ၃၅၀ တန်ဖိုး ဝယ်ဖို့အတွက် ၂၀၂၃ ခုနှစ် ကတည်းက ဝယ်ဖို့အတွက် ပြောထားတာဖြစ်ပြီး သဘောတူညီချက်ကတော့ မနေ့ကမှ အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်ပြီး လက်မှတ်ထိုးလိုက်တာပါ။ 

အဆိုပါသဘောတူညီချက်တွင် “အထူးသဖြင့် ရေကြောင်းကဏ္ဍတွင် စစ်ဘက်ဆိုင်ရာ ဟာ့ဒ်ဝဲနှင့် ကာကွယ်ရေးစွမ်းရည်များ ခေတ်မီရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်တယ်”လို့  အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ က သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ 

ဘရာမို့စ်ကို ၂၀၂၂ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံသည် ပထမဆုံးနိုင်ငံခြားစာချုပ်ကို လက်မှတ်ရေးထိုးပြီး ဝယ်ခဲ့တာပါ။ လက်ရှိထုတ်ထားတဲ့ ဘရာမို့စ်ခရုဇ်ဒုံးကျည်က စစ်ဆင်ရေးအကွာအဝေး အနည်းဆုံး ကီလိုမီတာ ၂၉၀ ကို ပစ်နိုင်ပြီး နောက်ထုတ်မယ့် မျိုးကွဲက ကီလိုမီတာ ၄၀၀ အထိ ပစ်ခတ်တိုက်ခိုက်နိုင်မှာပါ။ 


REF: RT

#News #MNP

No comments:

Post a Comment