Pages

Pages

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲစတင်ဖြေဆို





ဆိပ်ကြီးခနောင်တို၊ မတ် ၁၁

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၁ ရက် ယနေ့တွင် စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်လည်း ပထမနေ့ မြန်မာစာကို အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲစတင်ဖြေဆိုလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၁၁၇ ဦး၊ ကျောင်းသူ ၁၂၁ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၃၈ ဦး စာရင်းပေးသွင်းထားပြီး၊ ယနေ့မြန်မာစာလာရောက်ဖြေဆိုသူ ကျောင်းသား ၁၀၀ ဦး၊ ကျောင်းသူ ၁၁၇ ဦး စုစုပေါင်း ၂၁၇ ဦးရှိပြီး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၁.၁၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝေယံ

#News #MNP

No comments:

Post a Comment