မြိတ် ၊ မတ် ၁၁
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် မတ် (၁၁)ရက်မှစတင်ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်းရှိ စာစစ်ဌာနများတွင် ပထမနေ့ မြန်မာစာဘာသာကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ စတင်ဖြေဆိုကြသည်။
မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် စာရင်းရှိကျောင်းသား/ကျောင်းသူ (၃၄၇၆)ဦးနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ(၂၃)ဦးရှိပြီး စုစုပေါင်း ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၃၅၂)ဦး၊ ပျက်ကွက်သူ(၁၂၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြိတ်မြို့နယ်အနေဖြင့် အထက(၁)စာစစ်ဌာန၊ အထက(၂)စာစစ်ဌာန၊ အထက(၅)စာစစ်ဌာန၊ အထက(၆)စာစစ်ဌာန၊ အထက(ကျွဲကူး)စာစစ်ဌာန၊ အထက(အင်္ဂမော်) စာစစ်ဌာနနှင့် အထက(သမုတ်)စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၇)ခုဖြင့် ကျင်းပပေးလျက်ရှိပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment