ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်


စစ်တွေ  ၊ မတ် ၁

စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း၊ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားကြီးရင်ပြင်တော်၌ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်အရှင်သူမြတ်များက ရန်ပြေမာန်ပြေဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ကြသည်။

ထို့နောက် အခမ်းအနားကို သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရခိုင်မင်္ဂလာစည်တော်အဖွဲ့က ရတနာသုံးပါးဂုဏ်တော်ကို ပူဇော်တီးခတ်ကြသည်။ ဆက်လက်၍ ယဉ်ကျေးမှုယိမ်းအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေပူဇော်ကြသည်။

ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး  ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး စစ်တွေမြို့၊ ဝိမလဓမ္မနာဒ(ဓာတ်လယ်)ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အခမ်းအနားတွင် ကပြသီဆိုတီခတ်ဖျော်ဖြေကြသည့် ယိမ်းအကအဖွဲ့များနှင့် ရခိုင်မင်္ဂလာစည်တော်အဖွဲ့တို့အား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)