ကော့ကရိတ်၊ မတ် ၃၀
ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ မတ် ၂၈ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းရွှေနှင့်အဖွဲ့ဝင်များသည် တံတားကျိုးပူးပေါင်းစစ်ဆေးရေးဂိတ် ရုံးအဆောက်အဦများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဒေါနခန်းမတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက သက်ဆိုင်ရာဌာနအလိုက်လိုအပ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့အား ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဌာနဆိုင်ရာများမှ တင်ပြကြသည့်လိုအပ်ချက်များကို ပြည်နယ်အစိုးရထံ ဆက်လက်တင်ပြ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။
ပြီးနောက် ပြည်နယ်အစိုးရအတွင်းရေးမှူးက တိုက်ပွဲကာလအတွင်း ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများအား စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
#MNP #News




No comments:
Post a Comment