
စဉ့်ကိုင် ၊ မတ် ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၉ လနှင့်အထက် အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်များရှိ စုရပ်အသီးသီး၌ ဆောင်ရွက်သည်။
ထိုသို့ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးလွင်နှင့် ကျန်မာရေးဌာနမှ ဝန်ထမ်းများက တရုတ်စုရပ်ကွက်ရှိ တိုက်ကျောင်းအတွင်း၌ လည်းကောင်း၊ ခရစ်ယာန်ကျောင်းအတွင်း၌ လည်းကောင်း၊ ရန်အောင်မြင်ရပ်ကွက်ရှိ ရွှေကျောင်းအတွင်း၌ လည်းကောင်း အသက် ၉ လနှင့်အထက် အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် ထိုးနှံရန်ကျန်ရှိသည့် ကလေးငယ်များကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment