ကူဝိတ်ရေသန့်စက်ရုံ ဖျက်ဆီးခံလိုက်ရ (မတ် - ၃၀ အီရန်- အမေရိကန် စစ်ပွဲ နောက်ဆုံးရသတင်းများ) - Myanmar National Post

Myanmar National Post

News Agency

Breaking

ကူဝိတ်ရေသန့်စက်ရုံ ဖျက်ဆီးခံလိုက်ရ (မတ် - ၃၀ အီရန်- အမေရိကန် စစ်ပွဲ နောက်ဆုံးရသတင်းများ)




မတ် - ၃၀ ( တနင်္လာနေ့ ) 

အီရန်တာဘရစ်ဇ် ရေနံဓာတုကုမ္ပဏီတစ်ခုကို အမေရိကန် - အစ္စရေး ရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပြီးနောက်မှာတော့ လက်တုံ့ပြန်တဲ့ အနေနဲ့ ဒီနေ့မနက်မှာ အီရန်က ကူဝိတ် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု နဲ့  ရေပေါင်းခံစက်ရုံတစ်ရုံကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ပျက်စီးခဲ့တယ်လို့ ကူဝိတ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။   "ကူဝိတ်နိုင်ငံကို အီရန်က ရန်လိုမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ ဓာတ်အားပေးစက်ရုံ နဲ့ ရေသန့်စင်ရေး စက်ရုံ အဆောက်အဦတစ်ခု တိုက်ခိုက်ခံရပြီး အိန္ဒိယ အလုပ်သမားတစ်ဦး သေဆုံးပြီး အဆောက်အဦမှာတော်တော်များများ  ပျက်စီးခဲ့ပါတယ်" ဟု ကူဝိတ် လျှပ်စစ်၊ ရေနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝန်ကြီးဌာနက ပြောကြားခဲ့ကပါတယ်။ အီရန်ဘက်ကလည်း မီးလောင်မှုကြီးတစ်ခုနှင့် စက်ရုံမှ မီးခိုးလုံးများထွက်ပေါ်နေတဲ့  ဗီဒီယိုဖိုင်ကို တင်ပြီး တာဘရစ်ဇ် ကုမ္ပဏီ အတိုက်ခံလိုက်ရကြောင်း ဆိုပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့  ရေနံတင်ပို့မှုကို ထိန်းချုပ်ရန်အတွက် ခါ့ဂ်ကျွန်းရှိ အီရန်ရဲ့ အဓိက ရေနံပို့ကုန်ထုတ်လုပ်တဲ့နေရာကို အမေရိကန်တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခြေရှိ၊ မရှိ နဲ့ပတ်သက်တဲ့ မေးခွန်းကို တိတိကျကျ မဖြေပါဘူး ။  ရေနံဈေးသည် တစ်စည်လျှင် ၁၁၅ ဒေါ်လာအထက်ထိ မြင့်တက်ခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံများရဲ့ သောက်သုံးရေ လုံခြုံရေးက အရေးကြီးလာပြီး အကာအကွယ်မရှိတဲ့ အဲ့ဒိစက်ရုံတွေက အီရန်ရဲ့ ပစ်မှတ်ဖြစ်လာနေပါတယ်။ 

ပါကစ္စတန်၊ တူရကီ ၊ အီဂျစ်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အစ္စလာမာဘတ်မြို့မှာ တနင်္ဂနွေနေ့အစောပိုင်းမှာ စတင်ခဲ့ပါတယ်။ 

ယီမင်နိုင်ငံမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များက အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်  “ဘက်စုံတိုက်စစ်ဖွင့်”ဖို့ အတွက် အသင့်ဖြစ်နေပြီလို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ 

အမေရိကန်- အီရန် စစ်ပွဲပထမလအတွင်း အီရန်အရပ်သား ၂၀၀၀ နီးပါး သေဆုံးခဲ့ရပြီး လူနေအိမ် အဆောက်အအုံတွေကို ထပ်ခါတလဲလဲ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ အစ္စရေး အရာရှိတွေနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးတွေရဲ့ နေအိမ်တွေကို အစ္စလမ္မစ်တော်လှန်ရေး အစောင့်တပ်က ပစ်မှတ်ထားတိုက်ခိုက်တော့မယ်လို့ အီရန်ဘက်က ကြေညာခဲ့ပါတယ်။

ဗင်နီဇွဲလားကို လုပ်သလိုမျိုး အီရန်ကို လုပ်ပြီး အီရန်ရဲ့ရေနံတင်ပို့မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ခါ့ဂ်ကျွန်းကို သိမ်းတော့မယ်လို့ ထရမ့်က ဒီနေ့မနက်တော့ ပြောလာပါပြီ။ 

ပါကစ္စတန်က ပွဲစားလုပ်နေတဲ့ အီရန် - အမေရိကန် ဆွေးနွေးပွဲတွေက အခြေအနေကောင်းတယ်လို့ ထရမ့်က ပြောလာပါတယ်။ အီရန်ကလည်း ဟောမုဇ်ရေလက်ကြားမှာ ပါကစ္စတန်အလံတင် ရေနံတင်သင်္ဘော အစီး၂၀ကို လွှတ်ပေးလိုက်ပါတယ်။ အီရန် တာဝန်ရှိသူများက ပါကစ္စတန် အပါအဝင် ချစ်ကြည်ရင်းနှီးသော နိုင်ငံများအတွက် မဟာဗျူဟာကျသော ရေလမ်းကြောင်းကို မည်သည့်အခါမျှ မပိတ်မိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အီရန်ရေနံကို ရယူလိုတာကြောင့် ခါ့ဂ်ကျွန်းရှိ အီရန်ရေနံပို့တဲ့ နေရာကို အမေရိကန်တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခြေကို မငြင်းဆိုထားဘူးလို့ပြောပါတယ်။ “ ရိုးရိုးသားသားပြောရရင် ကျနော်က အီရန်ကရေနံတွေကို ရယူချင်ပါတယ်။ ပြဿနာက ကျနော်တို့ဆီမှာရှိတဲ့ လူမိုက်အချို့က ဘာလုပ်ဖို့လဲ ဆိုတာကိုပဲ မေးခွန်းထုတ်နေတယ်။ တကယ့် လူညံ့တွေပါဗျာ ။ ဘယ်လိုပဲဖြစ်ဖြစ် ခါ့ဂ်ကျွန်းကိုတော့ ကျနော်တို့ယူမှဖြစ်မယ် ။ ကျနော့်မှာ အဲ့ဒါနဲ့ ပတ်သက်တဲ့ စစ်ဆင်ရေးပုံစံတွေ အများကြီး ရှိပါတယ်။ အဲ့ဒိကျွန်းကို ကာကွယ်ဖို့အတွက် အီရန်မှာ လုံလောက်တဲ့ အင်အား မရှိပါဘူး ။ ကျနော်တို့ ခဏလောက်တော့ ကျွန်းပေါ်သွားတက်ကြည့်ရမှာပါပဲ” လို့ ဖနန်ရှယ်တိုင်း သတင်းဌာနနဲ့ အင်တာဗျူး မှာ ပြောသွားပါတယ်။ 

REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)