မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် မိတ်ဆက်အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် မိတ်ဆက်အခမ်းအနားသို့ တက်ရောက်





မကွေး၊ မတ် ၁၈

တတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လွှတ်တော်၏ တာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူလူထုကိုကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း စသည်တို့ကို ပြည်သူများ ထိထိရောက်ရောက် အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ “လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သော ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကို ပြည်သူများက စိတ်ဝင်တစားပူးပေါင်းလာသည်နှင့်အမျှ ပိုမိုအားကောင်းပြီး ထိရောက်သည့် လွှတ်တော်တစ်ရပ်အဖြစ် ဖော်ဆောင်လာနိုင်မည်ဖြစ်၍ ပြည်သူများက ယုံကြည်အားထားမှုရှိသည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ပထမအကြိမ်နှင့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်လုပ်ငန်းဆောင်ရွက်ချက်များ (အနှစ်ချုပ်)၊ လွှတ်တော်ရုံးဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်စားလှယ်များ စရိတ်ချီးမြှင့်ငွေဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေးစီမံချက်၊ ပထမပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပမှုပုံစံ၊ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံသည်။

မကွေးတိုင်းဒေသကြီး တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကို မတ် ၂၀ ရက်နေ့တွင် အစီအစဉ်(၁၈)ရပ်ဖြင့် စတင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကိုရဲ

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)