မတ်- ၁၀ ( အင်္ဂါနေ့ )
တရုတ်က ရုရှားနဲ့ ချုပ်ဆိုထားတဲ့ နောက်ဆုံးငါးနှစ်စီမံကိန်းမူကြမ်းအရ ပိုက်လိုင်းအသစ်နှစ်ခု တည်ဆောက်မှုကို တွန်းအားပေးလုပ်ဆောင်နေပြီး ရုရှားထံမှ သဘာဝဓာတ်ငွေ့ပိုမိုရရှိရန် ကြိုးစားနေပါတယ်။ အရှေ့အလယ်ပိုင်း တွင် ပဋိပက္ခဖြစ်ပွားနေတာကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားရတဲ့ ဓာတ်ငွေ့အရည် LNG တင်ပို့မှုများ ခြိမ်းခြောက်ခံနေရပြီဖြစ်လို့ တရုတ်က အဲ့ဒိပိုက်လိုင်းကိစ္စကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အမျိုးသားပြည်သူ့ကွန်ဂရက်သို့ တင်သွင်းခဲ့သော တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသေးစိတ်ပုံစံမူကြမ်းတွင် တရုတ်-ရုရှား သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ ဗဟိုလမ်းကြောင်းကို အဆင့်သင့်ဖြစ်အောင် လုပ်နိုင်သွားပြီ လို့ တောင်တရုတ်နံနက်ခင်းသတင်းဌာန (SCMP) ကဖော်ပြခဲ့ပါတယ်။
လောလောဆယ်မှာတော့ မူကြမ်းတွင် တိကျသောပရောဂျက်ကို အမည်မဖော်ပြထားသော်လည်း ဈေးကွက် လေ့လာသူများက အဆိုပါ ဆိုက်ဘေးရီးယားစွမ်းအင် ပိုက်လိုင်း - ၂ ဟာ မြန်နိုင်သလောက်မြန်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဆယ်စုနှစ်တစ်ခုနီးပါး ဆွေးနွေးပြီးနောက် ပိုက်လိုင်းတည်ဆောက်ရေးအတွက် ရုရှားနှင့် တရုတ်နိုင်ငံတို့က တရားဝင် စည်းနှောင်မှု စာချွန်လွှာကို မနှစ်က စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ သမ္မတ ဗလာဒီမာပူတင် ဘေဂျင်းကို လာရောက်လည်ပတ်စဉ် သဘောတူညီချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပိုက်လိုင်းသစ်က ဆိုက်ဘေးရီးယားအနောက်ပိုင်း?၊ မွန်ဂိုလီးယားမှတစ်ဆင့် တရုတ်နိုင်ငံမြောက်ပိုင်းသို့ နှစ်စဉ် ကုဗမီတာ ၅၀ ဘီလီယံအထိ ပေးပို့ရန် ဒီဇိုင်းထုတ်ထားပါတယ်။
ရုရှားက တရုတ်ကို ၂၀၁၉ က စတင်ပြီး ၂၀၂၄ မှာ ပြီးသွားတဲ့ ဆိုက်ဘေးရီးယားစွမ်းအင် က လည်ပတ်နေပြီ ဖြစ်ပါတယ်။ ရုရှားက ကာတာပြီးရင် တရုတ်ကို LNG အများဆုံး တင်သွင်းနေပါတယ်။ တရုတ်နိုင်ငံသည် ၎င်းရဲ့ LNG ၏ ၁၈ % ခန့်ကို ကာတာမှ နဲ့ ယူအေအီး မှ ၅% အထိ ရရှိပြီး၊ ပုံမှန်အားဖြင့် ဟောမုဇ်ရေလက်ကြားကို ဖြတ်သွားရတာကြောင့် တိုက်ပွဲများကြောင့် သယ်ယူမှု ရပ်ဆိုင်းသွားပါတယ်။
REF: RT
#News #MNP



No comments:
Post a Comment