မော်လမြိုင်ကျွန်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ်


မော်လမြိုင်ကျွန်း၊ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယနေ့နံနက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့်ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပံ့ပိုးငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်းတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပံ့ပိုးငွေများကို နေရပ်စွန့်ခွာပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ် ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပြီး နေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ပံ့ပိုးငွေကျပ် (၆၀၀၀၀) နှုန်းဖြင့် လူဦးရေ (၇၇) ဦးအတွက် ၂၀၂၅ ခုနှစ် (စက်တင်ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် ကျပ် (၄၆၂၀၀၀၀) ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။


ရဲကိုမောင်

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)