ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာ၀န်ကြီး အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာ၀န်ကြီး အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲတက်ရောက်







မြောက်ဥက္ကလာပ၊ မတ်  ၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် အသေးစားစက်မှုလက်အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို  သုဓမ္မာလမ်းမကြီး မယ်လမုဘုရားအနီးရှိ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအတွင်း ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်း၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ တိုင်း‌ဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ နှင့် တာ၀န်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့‌နောက် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေး ရောင်းပွဲတော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်း၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး  ဒေါ်ဥမ္မာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး  အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲ နှင့် ဈေးရောင်းပွဲတော် အတွင်းရှိ ဈေးဆိုင်ခန်းများအား လှည့်ကြည့်အား ပေးခဲ့ကြသည်။

အဆိုပါ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေး ရောင်းပွဲတော်တွင် စားသောက်ကုန် ၃၅ ခန်း ၊ လူသုံးကုန် ၁၅ ခန်း ၊ လက်မှုလုပ်ငန်း ၅ ခန်း ၊  အထွေထွေပြခန်း ၅ ခန်း နှင့် ပြခန်းစုစု ပေါင်း ၆၀ ခန်းအား  မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မနက် ၆ နာရီ မှ ညနေ ၆ နာရီ အထိ ရောင်းချသွားမည်ဖြစ်ရာ မည်သူမဆိုလာရောက် လှည့်လာ ၀ယ်ယူနိုင် ကြောင်းသိရသည်။

 

သက်လွင်စိုး

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)