မတ် - ၆ ( သောကြာနေ့ )
ပြီးခဲ့တဲ့စက်တင်ဘာလက ဆူပူဆန္ဒပြမှုများကြောင့် ကေပီရှာမာအိုလီ အစိုးရကို ဖြုတ်ချပြီးနောက် နီပေါနိုင်ငံသည် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး မဲပေးမှုများ စတင်နေပြီဖြစ်ပါတယ်။ ပထမဆုံး အထွေထွေ ရွေးကောက်ပွဲတွင် ပါလီမန်အမတ် ၂၇၅ ဦးကို နိုင်ငံသားများက ရွေးချယ်ကြမှာပဲ ဖြစ်ပါတယ်။
ဂျန်ဇတ်လို့ အမည်ပေးထားတဲ့ ဆူပူအုံကြွမှုကြီးအပြီးမှာ လူ ၇၇ ဦး သေဆုံးပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် ပါလီမန်ကို ဖျက်သိမ်းခဲ့ပါတယ်။ နီပေါတရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကီ ဦးဆောင်သည့် ကြားဖြတ်အုပ်ချုပ်ရေးက ထိုအချိန်ကတည်းက နိုင်ငံကိုထိန်းချုပ်ထားပါတယ်။
မဲရုံပေါင်း ၂၃၀၀၀ ဖြင့် ဒေသစံတော်ချိန် နံနက် ၇း၀၀ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ညနေ ၅း၀၀ နာရီတွင် မဲရုံပိတ်မည်ဖြစ်ပါတယ်။ ကြားဖြတ်အစိုးရက နိုင်ငံအတွင်း မဲဆန္ဒရှင် သန်း ၃၀ ရှိရာ မဲဆန္ဒရှင်များအား ၎င်းတို့ရဲ့ နေအိမ်မှ မဲရုံများသို့ သွားရောက်ခွင့်ပြုရန် သုံးရက်ကြာ အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာထားပါတယ်။
နီပေါကွန်ဂရက်ပါတီနှင့် နီပေါကွန်မြူနစ်ပါတီ ကလွဲလို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရက်စ်ထရီယာ၊ ရှန်ဆန်းကရစ် နဲ့ အူဂျာလို ပါတီတို့လို နိုင်ငံရေးပါတီ အများအပြား ဝင်ရောက်အရွေးခံခဲ့ကြပါတယ်။ ရွေးကောက်ပွဲကော်မရှင်က နှစ်ရက်အတွင်း တိုက်ရိုက်ရွေးကောက်ခံ မဲဆန္ဒနယ် ၁၆၅ ရဲ့ ရလဒ်များကို ထုတ်ပြန်မယ်လို့ ကြေညာထားပါတယ်။ ကျန်အမတ်နေရာ ၁၁၀ ကိုတော့ အချိုးကျကိုယ်စားပြုဖြင့် ဆုံးဖြတ်ထားပြီး စာရင်းထုတ်ပြန်ရန်အတွက် နောက်ထပ်နှစ်ရက် ကြာမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အိုလီရဲ့ ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် အစိုးရက ရာထူးမှ ဖယ်ရှားခြင်းခံရတဲ့ ဂျန်ဇတ် ဆန္ဒပြမှုများသည် ပုံမှန်မဟုတ်ဘဲ နောက်ကွယ်ကနေ ဂရုတစိုက် ကြိုးကိုင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် ကျောထောက်နောက်ခံ ပြုထားသော အစိုးရ အပြောင်းအလဲ အေဂျင်စီ တစ်ခုက နီပေါတွင် စက်တင်ဘာ အာဏာသိမ်းမှုကို ရန်ပုံငွေ ထောက်ပံ့ကာ လမ်းညွှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
REF: RT
#News #MNP



No comments:
Post a Comment